• Americas
      • Dutch
      • English
      • French
      • Mayan
      • Portuguese (Brazilian)
      • Spanish
    • Central & South Asia
      • Bangla
      • Dari
      • Dhivehi
      • English
      • Farsi
      • Kyrgyz
      See More
    • East Asia & Oceania
      • Indonesian
      • Burmese
      • Chin (Burma)
      • Chinese
      • Portuguese (Continental)
      • English
      See More
    • Europe & Eurasia
      • Armenian
      • Azeri
      • Belarusian
      • Catalan
      • Portuguese (Continental)
      • Croatian
      See More
    • Middle East & North Africa
      • Arabic
      • Azeri
      • Dari
      • English
      • Farsi
      • Hebrew
      See More
    • Sub-Saharan Africa
      • Afaan Oromo
      • Amharic
      • Arabic
      • Portuguese (Continental)
      • English
      • French
      See More
  • Learn More About ICNC's Translations Program

International Center on Nonviolent Conflict

  • About
    • What Is Civil Resistance?
    • Our Work
    • Our Impact
    • Who We Are
    • Jobs & Internships
    • Join Our Mailing List
    • Contact Us
  • Services
    • Online Courses
    • Interactive Workshops
    • Staff Training
    • Coaching
    • Training of Trainers (ToT)
  • Programs
    • Column 2
      • Minds of The Movement Blog
      • ICNC Publications
      • Nonviolent Conflict News
      • ICNC Online Courses
      • Regional Institutes
      • Sign Up
      • ICNC Webinars
      • For Activists & Organizers
      • For Scholars & Students
      • For Policy Community
  • Resource Library
    • English Language Resources
    • Translated Resources
    • ICNC Films
  • Media & Blog
    • For Journalists and Press
    • ICNC Newsmakers
    • Minds of the Movement Blog
  • Translations
    • Afran Oromo
    • Amharic
    • Arabic
    • Armenian
    • Azeri
    • Bahasa Indonesia
    • Bangla
    • Belarusian
    • Burmese
    • Chin (Burma)
    • Chinese
    • Croatian
    • Dutch
    • Estonian
    • Farsi
    • French
    • Georgian
    • German
    • Hebrew
    • Hindi
    • Italian
    • Japanese
    • Jing-Paw (Burma)
    • Karen (Burma)
    • Khmer
    • Kiswahili
    • Kituba
    • Korean
    • Latvian
    • Lingala
    • Lithuanian
    • Macedonian
    • Malagasy
    • Mayan
    • Mon (Burma)
    • Mongolian
    • Nepali
    • Norwegian
    • Pashto
    • Polish
    • Portuguese (Brazilian)
    • Portuguese (Continental)
    • Russian
    • Serbian
    • Sindh
    • Slovak
    • Spanish
    • Tagalog
    • Tamil
    • Thai
    • Tibetan
    • Tigrigna
    • Turkish
    • Ukrainian
    • Urdu
    • Uzbek
    • Vietnamese
    • Xhosa
    • Learn More About ICNC's Translations Program
  • Search
    • Search This Site
  • ICNC Glossary of Key Terms - Burmese

ICNC Glossary of Key Terms - Burmese

The first step in creating high-quality translations in the field of civil resistance is translating key terms.

Initially, we developed a list of 91 key terms that had a specific meaning in the field of civil resistance and worked with translators to translate these terms. We have subsequently expanded this list to 159 terms, and ICNC President Hardy Merriman and ICNC Senior Advisor Nicola Barrach have produced a glossary (to be published in 2019) that defines each of these terms and provides commentary on each and examples of usage.

You can see standardized translations of key terms in Burmese below.

English Burmese Comments
1 Accommodate (as a result of civil resistance) ညှိနှိုင်းသည် (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှုရလဒ်ကြောင့်)

ပြည်သူလူထု၏ ခုခံရ|ေးလှုပ်ရှားမှု ကြောင့် အုပ်စုတခု၏ တောင်းဆိုမှုအချို့ သို့မဟုတ် တောင်းဆိုမှုအားလုံးကို လိုက်လျောရန် ညှိနှိုင်းသည့်လုပ်ရပ်

2 Accommodation (as a result of civil resistance) ညှိနှိုင်းမှု (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှုရလဒ်ကြောင့်)

ပြည်သူလူထု၏ ခုခံရေးလှုပ်ရှားမှု ဖိအား ကို တုံ့ပြန်သောအားဖြင့်၊ အာဏာ လက်ကိုင်ထားသူများက လိုက်လျော ခွင့်ပြုလာရခြင်း၊ သို့မဟုတ် ညှိနှိုင်းလာရ ခြင်း ဖြစ်သည်။ လိုက်လျောလာခြင်း သည် အာဏာလိုက်ကိုင်ထားသူအနေ ဖြင့် ၎င်းတို့၏ အမြင်များ ပြောင်းလာ ခြင်းကြောင့်မဟုတ် သကဲ့သို့၊ အကြမ်း မဖက်နည်းဖြင့် အကျပ်ကိုင်တိုက်တွန်း နိုင်မှုကြောင့်လည်း မဟုတ်ပါ။ သို့သော် အကြမ်းမဖက် ခုခံသူများ၏ အချို့သော တောင်းဆိုမှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်လိုက်ပါက နှင့်/ သို့မဟုတ် ညှိနှိုင်းပြေလည်မှုကို ရယူလိုသောအခါ တွင် ဖြစ်ပေါ်သည်။

3 Accountability တာဝန်ယူ တာဝန်ခံမှု

လူတဦးချင်း၊ အစိုးရ အရာရှိများ၊ နှင့် အင်စတိကျုရှင်းများက သူတို့၏ လုပ်ဆောင်မှုများအတွက် တာဝန်ယူ သင့်သည်ဟူသော သဘောတရား

4 Activist တက်ကြွလှုပ်ရှားသူ

လူမှုရေး၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေး ရည်မှန်းချက် အချို့ရရှိရန် လုံ့လဇွဲရှိစွာ နှင့် အကြိမ်ကြိမ် ကြိုးပမ်းသည့် လူပုဂ္ဂိုလ်တဦး၊ အထူးသဖြင့် ဆန္ဒပြ တောင်းဆိုမှု၊ အခြားသူများကို စည်းရုံး ခြင်း၊ ပြည်သူများ၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုခြင်း နှင့်/သို့မဟုတ် ခုခံဆန့်ကျင်မှု လုပ်ရပ်များဖြင့် ဖိအားပေးမှုများကို ဖန်တီးသူဖြစ်သည်။

5 Adversary ဆန့်ကျင်ဖက် အင်အားစု

Opponent ကို ကြည့်ပါ။

6 Agency (Human agency) အဖွဲ့အစည်း (လူသား အဖွဲ့အစည်း)

လူသားတဦးချင်းစီ၏ လွတ်လပ်စွာ ရွေးချယ်နိုင်သော စွမ်းရည်၊ သီးခြား လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု နှင့် အပြောင်းအလဲအပေါ် ဩဇာသက် ရောက်နိုင်သည့် စွမ်းရည်

7 Agent provocateur လှုံ့ဆော် သွေးထိုးသူ

အကြမ်းမဖက် ကိမ်ပိန်း သို့မဟုတ် လှုပ်ရှားမှုတခုသို့ ပူးပေါင်းလာသူ သို့မဟုတ် အစိတ် အပိုင်းတခုအနေဖြင့် ဟန်ဆောင်သူ နှင့် အဖျက်အမှောက် လုပ်ငန်းများ ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်လိုသူ၊ ကမ်ပိန်း သို့မဟုတ် လှုပ်ရှားမှု၏ ထိရောက် ထက်မြက်မှုကို လျော့နည်း ကျဆင်းစေရန် သို့မဟုတ် ယင်းအတွင်း ကွဲပြားမှုများကို ဖန်တီးရန်၊ များသောအားဖြင့် အကြမ်းဖက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်း သည်၊ ကျူးလွန်သည်။

8 Ally (verb) မဟာမိတ်ဖွဲ့သည်

မဟာမိတ်ဖွဲ့ရန် ရွေးချယ်လုပ်ဆောင်မှု တခုဖြစ်ပြီး၊ လူတဦး၊ အုပ်စုတခု၊ အင်စတိကျုရှင်းတခု၊ လှုပ်ရှားမှု သို့မဟုတ် အရေးတခုကို ထောက်ခံ ပံ့ပိုးခြင်း ဖြစ်သည်။

9 Ally (Noun) မဟာမိတ်

လူတဦး၊ အုပ်စုတခု၊ အင်စတိကျုရှင်း တခုက အခြားသော လူတဦး၊ အုပ်စု တခု၊ သို့မဟုတ် အင်စတိကျုရှင်းတခု နှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား သို့မဟုတ် ဘုံဦးတည်ချက်အချို့အတွက် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

10 Alternative institution အခြားရွေးချယ်စရာ အဖွဲ့အစည်းစနစ်

တရားဝင်မဟုတ်သည့် (များသော အားဖြင့် ပုံမှန်မဟုတ်သည့်) လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေး အင်စတိ ကျုရှင်းတခု ဖြစ်သည်။ ယင်းကို အကြမ်းမဖက် လှုပ်ရှားမှု သို့မဟုတ် ကမ်ပိန်းများက ဖန်တီးခြင်း ဖြစ်သည်။

11 Authoritarian rule အာဏာရှင် အုပ်ချုပ်ရေး

အစိုးရတခုတွင် အုပ်ချုပ်သူ၊ အာဏာရှိ နိုင်ငံရေးပါတီ၊ သို့မဟုတ် ထိပ်သီးတစု က သူတို့၏ ဆုံးဖြတ်ချက်များကို အဖွဲ့ အစည်းစနစ်၏ ထိန်းချုပ်မှု မရှိဘဲ၊ ပြည်သူလူထု၏ ဆန္ဒမလိုအပ်ဘဲ ကျင့်သုံး အုပ်ချုပ်နိုင်ခြင်း ဖြစ်သည်။ အာဏာရှင် အုပ်ချုပ်ရေးစနစ်တွင် အစိုးရကို အတိုက်အခံပြုသူများကို ဖိနှိပ်ထားပြီး၊ များသောအားဖြင့် အကြမ်းဖက်မှုလည်း ရှိသည်။ များသော အားဖြင့် ပြည်သူလူထုများ၏ လူ့ အခွင့် အရေးကို ကျူးလွန်ချိုးဖောက်ကြသည်။

12 Authority အာဏာပိုင်

အချို့သော လူပုဂ္ဂိုလ်များ သို့မဟုတ် အုပ်စုများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်များနှင့် အကြံပြုချက်များ ကို လိုက်နာသင့်သည်၊ မှန်ကန်၊ သင့်လျော်၍/သို့မဟုတ် တရားဝင်သည် ဟု ယူဆသော အယူအဆဖြစ်သည်။

13 Backfire (verb) ဆိုးကျိုးရလဒ် ထွက်ပေါ်စေသည်

လုပ်ဆောင်မှုတခုကြောင့် စတင်လုပ် ဆောင်သူအပေါ် ဆိုးကျိုးပြန်၍ သက်ရောက်စေသည်။ ရည်ရွယ်လိုလားသည့် ရလဒ်နှင့် ဆန့်ကျင်ဖက် သက်ရောက်စေသည်။

14 Backfire (noun) ဆိုးကျိုးရလဒ်

အစီအစဉ်တခု သို့မဟုတ် လုပ်ဆောင် ချက်တရပ်ကြောင့် စတင်ဆောင်ရွက်သူ အပေါ် ဆိုးကျိုးပြန်၍ ဖြစ်စေသော အခြေအနေ၊ ရည်ရွယ်လိုလားသည့် ရလဒ်နှင့် ဆန့်ကျင်ဖက် သက်ရောက်စေ သည်။

15 Backlash ဆိုးကျိုးရလဒ် ထွက်ပေါ်စေခြင်း

ပဋိပက္ခ၏ မည်သည့်ဖက်တွင် ရှိနေ သည်ဖြစ်စေ၊ လုပ်ဆောင်မှုများ အချို့ကြောင့် မရည်ရွယ်ထားသည့်၊ မလိုအပ်သည့် ဆိုးကျိုး တုံ့ပြန်မှုဖြစ် ပေါ်စေခြင်း

16 Backsliding, democratic (noun) ဒီမိုကရေစီ နောက်ပြန်ဆုတ်ရမှု

ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျားကန် ထားသည့် နိုင်ငံရေး အင်စတိကျုရှင်း များ နှင့် လွတ်လပ်ခွင့်များကို အင်အား ချိနဲ့စေခြင်း နှင့်/သို့မဟုတ် ဖယ်ရှား သုတ်သင်ခြင်း ဖြစ်သည်။ ဤဖြစ်စဉ် သည် တဖြည်းဖြည်းချင်း သို့မဟုတ် ရုတ်ချည်းဖြစ်တတ်သည်။ များသော အားဖြင့် ရွေးချယ်တင်မြှောက်ခံထား ရသည့် အစိုးရအာဏာပိုင်များက သူတို့ ၏ နိုင်ငံရေးရည်ရွယ်ချက်ကို ရောက်ရှိ စေရန် ဆောင်ရွက်သည့်နည်းလမ်းတခု အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဒီမိုကရေစီ အရည်အသွေးကျဆင်း စေရန် ဆောင်ရွက်သည့် အခါတွင် ဖြစ်လေ့ရှိသည်။ ထို့အပြင် သူတို့၏ အုပ်ချုပ်ရေးကို ဒီမိုကရေစီနည်းများဖြင့် စိန်ခေါ်မှု မပြုနိုင်စေရန် ဖုံးအုပ် ကာကွယ်သောအခါ ဖြစ်တတ်သည်။

17 Blockade (associated with civil resistance) (verb) ပိတ်ဆို့သည် (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှုရလဒ်ကြောင့်)

အကြမ်းမဖက်နည်းအားဖြင့် ပိတ်ဆို့မှု ဆောင်ရွက်သည့် လှုပ်ရှားမှု

18 Blockade (associated with civil resistance) (noun) ပိတ်ဆို့မှု (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှုရလဒ်ကြောင့်)

လူများ နှင့် ကုန်ပစ္စည်းများကို သတ်မှတ် သည့် နေရာတခုသို့ မရောက်ရှိနိုင် အောင် ဦးတည်ဆောင်ရွက်သည့် အကြမ်းမဖက် လှုပ်ရှားမှုတခု ဖြစ်သည်။ ပိတ်ဆို့မှုကို (ကားများရပ်ထားခြင်း၊ “ရေကြောင်းပိတ်ဆို့မှု” ကိစ္စမျိုးတွင် လှေသင်္ဘောများ ရပ်ထားခြင်း)၊ အဟန့် အတား ဆောက်လုပ်မှုများ (နံရံများ) စသည့် အရာပစ္စည်းများ၊ သို့မဟုတ် ထိုင်နေ၊ ရပ်နေသည့် သို့မဟုတ် လဲလျောင်းနေသည့် လူထုများဖြင့် ပိတ်ဆို့ကြသည်။

19 Boycott (verb) သပိတ်မှောက်သည်

သပိတ်မှောက် ဆောင်ရွက်သည့် လှုပ်ရှားမှု

20 Boycott (noun) သပိတ်မှောက်ခြင်း

ပါတီအင်အားစုတခုက အခြား ပါတီ အင်အားစုနှင့် မပူးပေါင်း မဆောင်ရွက် ရန်၊ သို့မဟုတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ ဆက်ဆံမှု မပြုရန် အကြမ်းမဖက် ဆောင်ရွက်သည့်လှုပ်ရှား မှု အမျိုးအစားတခု ဖြစ်သည်။ အခြား ပါတီ၏ အမူအကျင့်အပေါ် ဩဇာ လွှမ်းမိုးနိုင်အောင် ဆောင်ရွက်ခြင်း ဖြစ်သည်။

21 Campaign (verb) လှုပ်ရှားသည်

ရည်ရွယ်ချက်တခုခုအတွက် တက်ကြွ သော နည်းလမ်းဖြင့် ဆောင်ရွက်မှုတခု ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေး သို့ မဟုတ် လူမှုရေး ရည်ရွယ်ချက်များ အတွက် ဖြစ်သည်။

22 Campaign (associated with civil resistance) (noun) လှုပ်ရှားမှု (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှုနှင့်အတူ)

၁။ “ပန်းတိုင်တခုသို့ ရောက်ရန် ပစ်မှတ် တခုကို ဦးတည်၍ အကြိမ်များစွာ ထပ်၍ ဆောင်ရွက်သည့်၊ ရေရှည်ခံသည့် … [နှင့်] စုစည်းဆောင်ရွက်သည့် စဉ်ဆက် မပြတ် ဖြစ်ရပ်များ”။ 55 ၂။ အကျယ်အပြန့်သော မဟာဗျူဟာ တခုကို အခြေခံ၍ အစီအစဉ်ရေးဆွဲ ထားသည့်အတိုင်း ပူးပေါင်းဆောင်ရွက် ကြသည့် အစဉ်အဆက်လိုက် နည်း ဗျူဟာများ နှင့် လှုပ်ရှားဆောင်ရွက်မှု များ။ ကမ်ပိန်း လှုပ်ရှားမှုဆောင်ရွက်ကြသည့် ဦးတည်ချက်များကို သတ်မှတ်ထား သည့် အချိန်ဇယားတခု၊ ပထဝီဒေသ တခု အတွင်း အကောင်အထည်ဖော်ကြ သည်။ ကမ်ပိန်းလှုပ်ရှားမှုများကို လူထုခုခံရေး နည်းလမ်းအားဖြင့် ဖြစ်စေ၊ စစ်ရေး လှုပ်ရှားမှုအားဖြင့် ဖြစ်စေ၊ ရွေးကောက် ပွဲ ယှဉ်ပြိုင်ခြင်းနည်းအားဖြင့် ဖြစ်စေ၊ သို့မဟုတ် အခြားနည်းလမ်းများဖြင့် (ဥပမာ- ကြေညာခြင်း သို့မဟုတ် ဈေး ကွက်တင် သိစေခြင်း) ဆောင်ရွက်ကြ သည်။ 56 အချို့သော ကိမ်ပိန်းလှုပ်ရှား မှုများကို နည်းလမ်းအထွေထွေဖြင့် စုပေါင်းကြသည်။ (သာဓကအားဖြင့် ရွေးကောက်ပွဲ နှင့် လူထုခုခံမှု အစိတ် အပိုင်းများ)

23 Capacity (in the context of civil resistance) စွမ်းရည် (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှု အခြေအနေ၌)

လူများ၊ အင်စတိကျုရှင်းများ၊ လှုပ်ရှားမှု များ နှင့်/သို့မဟုတ် လူမှုအဖွဲ့အစည်း များ၏ လုပ်ငန်းများ ဆောင်ရွက်နိုင် သည့် စွမ်းရည်၊ ပြဿနာများ ဖြေရှင်း နိုင်မှု နှင့် ဦးတည်ချက်များ ချမှတ်နိုင်မှု နှင့် ရရှိအောင် ဆောင်ရွက်နိုင်မှု စွမ်းရည်။ 59

24 Civil disobedience ပြည်သူလူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု

တက်ကြွသည့်၊ များသောအားဖြင့် လူထု ပါဝင်သည့် အကြမ်းမဖက်လှုပ်ရှားမှုတခု ဖြစ်ပြီး၊ အထူးသဖြင့် ဥပဒေများ၊ အမိန့်များ၊ စည်းမျဉ်းများ၊ အစိုးရ ပြဌာန်း ထားချက်များ၊ စစ်တပ် ရဲတို့၏ ကွပ်ကဲ အုပ်ချုပ်မှု နှင့် အမိန့်များကို ချိုးဖောက် ကြခြင်း ဖြစ်သည်။ ယင်းသည် ကျင့်ဝတ် ပိုင်းဆိုင်ရာ မလျော်ညီ၊ မတရား၊ သို့မဟုတ် အာဏာရှင်ဆန်သည့် ဥပဒေ များ နှင့် အမိန့်များကို ပုံမှန်အားဖြင့် ဆန့်ကျင်ကန့်ကွက်ကြခြင်း ဖြစ်သည်။ ဤသို့ မလိုက်နာမှုအတွက် ကျူးလွန်သူ များကို ဥပဒေကြောင်းအရ နောက်ဆက် တွဲ အရေးယူမှုများကိုလည်း မျှော်လင့် ထားကြသည်။ များသောအားဖြင့် လူများ သို့မဟုတ် အုပ်စုများက တစုံတရာသော ဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ကြရာ၌ အကျယ် အပြန့်သော အစိုးရမူဝါဒများကို ဆန့်ကျင် ကန့်ကွက်မှု သင်္ကေတတခု အနေဖြင့် ဆောင်ရွက်ကြခြင်း၊ သို့မဟုတ် အစိုးရ၏ အုပ်ချုပ်မှု ကိုယ်၌ ကို ဆန့်ကျင်ကြခြင်း ဖြစ်သည်။ 62

25 Civil resistance ပြည်သူလူထု ခုခံရေး လှုပ်ရှားမှု

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မသုံးဘဲ၊ သို့မဟုတ် ယင်းဖြင့် ခြိမ်းခြောက်မှု မပြုဘဲ နိုင်ငံရေး၊ စီးပွားရေး၊ သို့မဟုတ် လူမှုရေး ဦးတည်ချက်များ ပြည့်မြောက် အောင် လူ့အဖွဲ့အစည်းအတွင်းရှိ လူတဦး သို့မဟုတ် ပိုများသောသူများက ဆင်နွှဲကြသည့် ပဋိပက္ခနည်းနာတခု ဖြစ်သည်။ လူထု ခုခံရေးနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည်။ က။ တာဝန်ယူ လုပ်ဆောင်မှုများ (acts of commission)။ လူထုများက လုပ် ဆောင်ရန် မဟုတ်သည့်၊ လုပ်ဆောင် မည် မမျှော်လင့်ထားသည့်၊ ဥပဒေအရ မလုပ်ဆောင်ရန် တားမြစ်ထားသည့် ကိစ္စများကို လုပ်ဆောင်လာသည့် လှုပ်ရှားမှုများ။ (ဥပမာအားဖြင့် ဆန္ဒပြ ပွဲများ၊ သင်္ကေတအရ ဆောင်ရွက်မှုများ၊ အကြမ်းမဖက် ပိတ်ဆို့မှုများ နှင့် သိမ်း ပိုက်မှုများ) ခ။ ငြင်းပယ်သည့် လှုပ်ရှားမှုများ (acts of omission)။ ယင်းတွင် လူထုများက လုပ်ဆောင်ရမည့်၊ လုပ်ဆောင်ရန် မျှော် လင့်ထားသည့် ကိစ္စများ၊ ဥပဒေအရ လုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စများကို ငြင်းပယ်ခြင်း ဖြစ်သည်။ (ဥပမာအား ဖြင့်- သပိတ်မှောက်မှုများ၊ ဘွိုင်းကောက်များ နှင့် အခြားသော ပုံစံဖြင့် မပူးပေါင်း မဆောင်ရွက်မှုများ) သို့မဟုတ် ဂ။ တာဝန်ယူ လုပ်ဆောင်မှုများ နှင့် ငြင်းပယ်သည့် လှုပ်ရှားမှုများကို ပေါင်းစပ် အသုံးပြုခြင်း။ 66

26 Civil society အရပ်ဘက် လူမှုအဖွဲ့အစည်း

(ပုံမှန်ဖြစ်စေ၊ ပုံမှန် မဟုတ်ဘဲဖြစ်စေ) ရှိနေသည့် လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသည့် အုပ်စုများ နှင့် အသင်းအဖွဲ့များ၊ သို့မဟုတ် လူထုများ၏ အစိတ်အပိုင်းများ၊ နှင့် အစိုးရ နှင့် အမြတ်အစွန်း ရရှိရန် (စီးပွားရေး လုပ်ငန်းများ) ကဏ္ဍ၏ ပြင်ပတွင် လှုပ်ရှားနေကြသူများ။

27 Civilian-based defense ပြည်သူ့အခြေခံ ခုခံကာကွယ်ရေး

နိုင်ငံခြား စစ်ရေးကျူးကျော်မှုများ၊ သိမ်းပိုက်မှုများ နှင့် စစ်အာဏာသိမ်းမှု ကဲ့သို့သော ပြည်တွင်း မတရားအာဏာ သိမ်းယူမှုများအပေါ် အရပ်သားလူထု များ၏ ဟန့်တားရန်၊ ရှုံးနိမ့်စေရန် ပြုလုပ်သော အကြမ်းမဖက် ခုခံမှု။

28 Coalition ညွန့်ပေါင်းအဖွဲ့

မတူကွဲပြားသော အဖွဲ့အစည်းများ၊ အုပ်စုများ သို့မဟုတ် လူများဖြင့် အတူတကွ ဆောင်ရွက်ကြမည်ဟု သဘေားတူညီ ဖွဲ့စည်းထားသည့် အုပ်စုတခု။ များသောအားဖြင့် ယာယီ ဖြစ်ပြီး၊ ဘုံတူညီချက် တခု သို့မဟုတ် ရည်မှန်းချက်များ ရရှိရေးအတွက် ဖြစ် သည်။

29 Commission, Act of or Tactic of တာဝန်ယူ လုပ်ဆောင်မှု သို့မဟုတ် နည်းဗျူဟာ

လူထုများက လုပ်ဆောင်ရန် မဟုတ် သည့်၊ လုပ်ဆောင်မည် မမျှော်လင့်ထား သည့်၊ ဥပဒေအရ မလုပ်ဆောင်ရန် တားမြစ်ထားသည့် ကိစ္စများကို လုပ် ဆောင်လာသည့် အရပ်ဘက် ခုခံရေး လှုပ်ရှားမှုများ။ 77

30 Concentration, Tactic of နည်းဗျူဟာအရ စုစည်းမှု

ပါဝင်လှုပ်ရှားသူများ သို့မဟုတ် အရင်း အမြစ်များကို အချိန်တခု၊ နေရာတခု တွင် သိပ်သည်းစွာ စုစည်းမိရန် ဆောင် ရွက်သည့် လုပ်ဆောင်ချက်။ 81

31 Conditions အခြေအနေများ

ဖွဲ့စည်းထားမှုအရ အခြေအနေများကို ကြည့်ပါ။ (p. 140)

32 Conflicts ပဋိပက္ခများ

သဘောမတူညီမှု တခု၊ အငြင်းပွားမှု၊ သဟဇာတ မဖြစ်မှုတခု၊ သို့မဟုတ် လူအချင်းချင်း၊ အုပ်စုများ အကြား၊ အင်စတိကျုရှင်းများအကြား၊ သို့မဟုတ် နိုင်ငံများအကြား ရန်ဖက် တိုက်ခိုက်မှုများ။ 81

33 Consent (political) (verb) နိုင်ငံရေးအရ သဘောတူညီချက် ပေးသည်။

တစုံတခုကို ဆောင်ရွက်ရန် လွတ်လပ် စွာ သဘောတူညီသည်။ သို့မဟုတ် တစုံ တခုဖြစ်ပျက်ရန် ခွင့်ပြုချက်ပေးသည်။ 85 လိုအပ်နေသော၊ အကြံပြုထားသော၊ သို့ မဟုတ် တောင်းဆိုထားသည့် တစုံတခု အတွက် ခုခံဆန့်ကျင်မှု မရှိဘဲ လက်ခံ ရန်၊ လိုက် လျောရန် သို့မဟုတ် ခွင့်ပြု ရန် ဖြစ်သည်။ ယင်းအမူအကျင့်သည် အာဏာပိုင်တို့၏ အမိန့်ကို သဘောတူညီသည်ဟု ဖော်ပြ ခြင်း မဟုတ်ပါ။ သို့သော် ခုခံ ဆန့်ကျင်မှု မရှိဘဲ သူတို့၏အမိန့်များကို နာခံမှု အဖြစ် ဖော်ပြခြင်း ဖြစ်သည်။

34 Consent (political) (noun) နိုင်ငံရေးအရ သဘောတူညီမှု

၁။ (ခွင့်ပြုနိုင်စွမ်းရှိသည့် သို့မဟုတ် အာဏာရှိသည့် လူတဦးထံမှ သို့မဟုတ် အင်အားစုတခုထံမှ ရရှိခြင်း ဖြစ်သည့်) တစုံတရာ ဆောင်ရွက်ရန် သို့မဟုတ် တစုံတခု ဖြစ်စေရန် လွတ်လပ်စွာ သဘောတူညီမှုပေးခြင်း ဖြစ်သည်။ ၂။ ခုခံဆန့်ကျင်မှုမရှိဘဲ လိုအပ်သည့်၊ အကြံပြုသည့် သို့မဟုတ် တောင်းဆို ထားသည့် တစုံတရာအတွက် လိုက် လျောခြင်း သို့မဟုတ် နာခံခြင်း ဖြစ်သည်။

35 Constructive programme (or constructive program) အပြုသဘောဆောင်သည့် လုပ်ငန်း အစီအစဉ်များ

၁။ မိုဟန်ဒတ်စ် ဂန္ဒီက မူလက ရေးဆွဲ ဖွံ့ဖြိုးစေသည့် အစီအစဉ်များ ဖြစ်ပြီး၊ စေတနာ့ဝန်ထမ်း လုပ်ဆောင်မှုများဖြင့်၊ လုပ်ငန်းများဖြင့်၊ ရပ်ရွာအတွင်း အသစ် သော အဖွဲ့အစည်းများကို ထူထောင် ခြင်း အားဖြင့် လူမှု အစီအစဉ်အသစ် ဖွံ့ဖြိုးဖြစ်ပေါ်စ်ရန် ဖြစ်သည်။ ၂။ အကြမ်းမဖက် လှုပ်ရှားမှု၏ အစိတ် အပိုင်းတခုအနေဖြင့် အခြားရွေးချယ် စရာ အဖွဲ့အစည်းစနစ် (အင်စတိ ကျုရှင်း) ကို တက်ကြွစွာ ဖွံ့ဖြိုးစေခြင်း ဖြစ်သည်။

36 Conversion သဘောထား ပြောင်းလဲခြင်း

ယခင်က လူထုခုခံရေး လှုပ်ရှားမှုအပေါ် ကြားနေသူများ၊ ဆန့်ကျင်နေသော သူများ၏ သဘောထား ပြောင်းလဲမှု၊ ထိုသူများက လက်ခံလာကြသည် နှင့်/ သို့မဟုတ် အကြမ်းမဖက် အုပ်စုများ၏ ရည်ရွယ်ချက်များအပေါ် တက်ကြွစွာ သဘောတူညီလာကြသည်။ 94

37 Coup d’etat (or “coup”) အာဏာသိမ်းပိုက်မှု

နိုင်ငံတော် ယန္တယားများကို တရားမဝင် သည့် လုပ်ရပ်ဖြင့်၊ လျှို့ဝှက်ကြံစည်နေ သည့် အုပ်စုတခုက ရုပ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံရေးအရ အလျှင်အမြန် သိမ်းပိုက် ရယူခြင်း ဖြစ်သည်။ ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်မှုကို ကျော ထောက်နောက်ခံအဖြစ် အသုံးပြုသည်။

38 Crackdown (verb) ဖြိုခွဲ ချေမှုန်းသည်

ပြင်းထန်သည့် နည်းလမ်းများဖြင့် (ပုံမှန် အားဖြင့် အာဏာပိုင်တရပ်က) လူများ၊ သို့မဟုတ် မလိုလားအပ်သည့် တရား မဝင်ဟု ယူဆထားသည့် အမူအကျင့် များကို ကို ရပ်တန့်စေရန် သို့မဟုတ် ကြောက်ရွံ့စေရန် ရင်ဆိုင် ဆောင်ရွက်မှု ဖြစ်သည်။

39 Crackdown (noun) ဖြိုခွဲ ချေမှုန်းမှု

ပြင်းထန်သည့် နည်းလမ်းများဖြင့် (ပုံမှန် အားဖြင့် အာဏာပိုင်တရပ်က) လူများ၊ သို့မဟုတ် မလိုလားအပ်သည့် တရား မဝင်ဟု ယူဆထားသည့် အမူအကျင့် များကို ရပ်တန့်စေခြင်း။

40 Defect (Associated with civil resistance) ကူးပြောင်းသည်။ (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှု ရလဒ်နှင့် ပတ်သက်၍)

လူတဦးက သစ္စာခံထားသည့် သို့မဟုတ် တာဝန်မှနေ၍ ဆန့်ကျင်ဖက်ကို မျက်နှာ သာပေး ထောက်ခံမှု လုပ်ရပ်။

41 Defection ကူးပြောင်းမှု

(လူတဦး၏၊ အရေးတခု၏၊ သို့မဟုတ် အယူဝါဒတခုအပေါ်) သစ္စာခံမှု သို့မဟုတ် တာဝန်အပေါ် အသိရှိစွာ စွန့်ခွာခြင်း။ ဆန့်ကျင်ဖက်အပေါ် မျက်နှာသာပေးလာခြင်း ဖြစ်နိုင်သည်။

42 Democratic backsliding (noun) ဒီမိုကရေစီ နောက်ပြန်ဆုတ်ရမှု Backsliding (ဒီမိုကရေစီ နောက်ပြန် ဆုတ်ရမှု) ဝေါဟာရကို ကြည့်ပါ။ (p. 29).
43 Demonstration ဆန္ဒပြပွဲ

တစုံတရာသော မူဝါဒများ သို့မဟုတ် ကျင့်သုံးမှုများအပေါ် ဆက်သွယ် ပြော ဆိုရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် သော လူအများဖြင့် လှုပ်ရှားမှု။ များသောအားဖြင့် အခြားရွေးချယ်စရာ မူဝါဒများ နှင့် ကျင့်သုံးများကို ထောက်ခံ ကြသည်။ ယင်းလှုပ်ရှားမှုများသည် များသောအားဖြင့် ထင်ရှားမြင်သာသည့် နေရာများတွင် ဆောင်ရွက်ကြပြီး၊ လူတဉီးချင်းက ဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ပုံမှန်အားဖြင့် အုပ်စုတခုက ဆောင်ရွက်ကြသည်။ 108

44 Dictatorship အာဏာရှင်စနစ်

အကြွင်းမဲ့အာဏာကို အာဏာရှင်တဦး၊ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတခုက ထိန်းချုပ်ထားသည့် အစိုးရပုံစံတခု။

45 Dilemma action လုပ်ရခက်- မလုပ်ဘဲနေရလည်းခက် သည့် အခြေအနေဖြစ်ပေါ်စေရန် လှုပ်ရှားမှု

လှုပ်ရှားမှု၏ ဆန့်ကျင်ဖက် အင်အားစု အတွက် မလိုလားအပ်သည့် ရွေးချယ် စရာ အခြေအနေများကို ဖန်တီးသည့် လူထု ခုခံရေး လှုပ်ရှားမှုတခု။ သို့အတွက်ကြောင့် လှုပ်ရှားမှု၏ ဆန့်ကျင်ဖက် အင်အားစုများက ပျက်စီး ဖွယ်ရာ နှင့်/သို့မဟုတ် သူတို့အတွက် တန်ဖိုးကြီး ပေးရသည့် လုပ်ရပ်များကို ဆောင်ရွက်လာကြရသည်။

46 Direct action တိုက်ရိုက် ဦးတည်ဆောင်ရွက်သည့် လှုပ်ရှားမှု

လူတဦးချင်း သို့မဟုတ် အုပ်စုတခုက အခြားသော သူများ သို့မဟုတ် အုပ်စု များက သူတို့ကိုယ်တိုင် ကြားဝင် ဆောင် ရွက်ရမည့်အစား၊ အခြေအနေကို အပြောင်းအလဲ ဖြစ်စေရန် ဆောင်ရွက် သည့် ကြားဝင်စွက်ဖက်သည့် တိုက်ရိုက် လုပ်ဆောင်မှု တခု။ 115

47 Disintegration (Associated with civil resistance) ပြိုကွဲစေခြင်း (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှု ရလဒ်နှင့် ပတ်သက်၍)

အကြမ်းမဖက် လှုပ်ရှားမှုတွင် အပြောင်း အလဲ ဖြစ်စေသည့် လုပ်ငန်းစဉ်တခု။ လူ အများက မပူးပေါင်း မဆောင်ရွက် ကြခြင်း၊ လူအများထောက်ခံသည့် အာဏာဖီဆန်မှုဖြင့် စနစ်တခု သို့မဟုတ် အစိုးရ၏ စွမ်းဆောင်ရည်ကို လျော့ကျ စေသည်။ စနစ် သို့မဟုတ် အစိုးရ ပြိုကျ ပျက်စီးရသည်။ 119

48 Dispersion, tactic of ဖြန့်ခွဲမှု နည်းဗျူဟာ

ပါဝင်ဆောင်ရွက်သူများ သို့မဟုတ် အရင်းမြစ်များကို နေရာအနှံ့သို့ နှင့်/ သို့မဟုတ် အခြား အချိန်ကာလများသို့ ဖြန့်ခွဲစေသည့် လူထုခုခံရေး လှုပ်ရှားမှု တခု။

49 Disrupt အစီအစဉ် ပျက်စေသည်

လုပ်ငန်းစဉ်တခု သို့မဟုတ် လှုပ်ရှားမှု တခု၏ ပုံမှန်တိုးတက်မှုများ ရပ်တန့်စေ သည်၊ အနှောင့်အယှက် ဖြစ်စေသည်၊ သို့မဟုတ် အဟန့်အတား ဖြစ်စေသည်။

50 Disruption (Associated with civil resistance) အစီအစဉ် ပျက်ယွင်းစေခြင်း (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှု ရလဒ်နှင့် ပတ်သက်၍)

လုပ်ငန်းစဉ်တခု၊ ဖြစ်ရပ်တခု၊ သို့မဟုတ် လှုပ်ရှားမှုတခု ရပ်တန့်စေခြင်း၊ အနှောင့် အယှက် ဖြစ်စေခြင်း၊ ပြဿနာတက်စေ ခြင်း။ သို့အတွက်ကြောင့် ကုန်ကျမှု စရိတ် များစေသည်၊ လမ်းကြောင်း သို့မဟုတ် လုပ်ငန်းစဉ်၊ ဖြစ်ရပ် ပြောင်းလဲစေသည်၊ လှုပ်ရှားမှုများ အတူတကွ ရပ်ဆိုင်းစေသည်။ 127

51 Dissent (noun) သဘောထားကွဲကြောင်း ပြသည်

အများလက်ခံသည့် သို့မဟုတ် တရားဝင် ဖော်ပြထားသည့် ထင်မြင် ခံယူချက်များ နှင့် ခြားနားသည့် ဖော်ပြချက် နှင့် တိုက်ရိုက် ဆန့်ကျင်မှု ဖြစ်ကောင်း ဖြစ်နိုင်သည်။ 130

52 Dissident သဘောထားကွဲလွဲ ဆန့်ကျင်သူ

တရားဝင် မူဝါဒကို၊ အထူးသဖြင့် အာဏာရှင်နိုင်ငံများတွင် ဆန့်ကျင်၍ တက်ကြွစွာ ဆန့်ကျင်သူတဦး၊ သို့မဟုတ် စိန်ခေါ်သူတဦး။ 134

53 Dynamic (of civil resistance) ပြည်သူလူထု ခုခံမှု၏ အရှိန်အဟုန်

အင်အားများကို ဖန်တီးပေးသည့်၊ နှိုးဆော်ပေးသည့် လုပ်ငန်းစဉ်။ လူထု ခုခံရေးလှုပ်ရှားမှု နှင့် ၎င်း၏ဆန့်ကျင် ဖက် (များ) အကြား ပဋိပက္ခတွင် အပြန် အလှန် တုံ့ပြန်ဆောင်ရွက်မှုများဖြင့် လှုပ်ရှားမှုက ယင်း၏ ဦးတည်ချက်များ ကို၊ ဆန့်ကျင်ဖက် (များ) က တန်ပြန် ဆောင်ရွက်နေသည့်တိုင် ရရှိစေသည်။

54 Empower ခွန်အားအာဏာ ဖြည့်ဆည်းပေးသည်

အုပ်စုတခု သို့မဟုတ် လူတဦး၏ စွမ်းရည်၊ အာဏာ သို့မဟုတ် ဩဇာ လွှမ်းမိုးမှုကို မြှင့်တင်ပေးသည်။ (များသောအားဖြင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလာစေခြင်း၊ အခြားသူများကို ပံ့ပိုးပေးခြင်း နှင့် ကိုယ်ထူကိုယ်ထ ဖြစ်မှု တိုးတက်လာစေခြင်း ဖြင့် ဆောင်ရွက် ကြသည်)။ ရွေးချယ် ဆုံးဖြတ်မှုများ ပြုနိုင်ရန်၊ သူတို့၏ဘဝ သူတို့၏ ရပ်ရွာအပေါ် တာဝန်ယူမှု ဖြစ်စေရန်၊ အခွင့်အရေးများ ကျင့်သုံးနိုင်ရန် နှင့် မတရားမှုများကို တိုက်ပွဲဝင်နိုင်စေရန် အတွက် ဖြစ်သည်။ 140

55 Empowerment ခွန်အားအာဏာ ဖြည့်ဆည်းပေးခြင်း

ပို၍ အားကောင်းလာစေသည့်၊ ပို၍ ယုံကြည်မှု မြင့်မားလာစေသည့် လုပ်ငန်းစဉ် ဖြစ်ပြီး၊ အထူးသဖြင့် လူတဦး၏ ဘဝကို ထိန်းချုပ်နိုင်ရန်၊ ရွေးချယ် ဆုံးဖြတ်မှုများ ပြုနိုင်ရန်၊ လူတဦး၏ အခွင့်အရေးများကို ကျင့်သုံး နိုင်စေရန် အတွက် ဖြစ်သည်။ 143 ဤသည်ကို အပြုသဘော အတွေ့အကြုံ များ ရစေခြင်း၊ ကျွမ်းကျင်မှုများ ဖွံ့ဖြိုး လာစေခြင်း၊ အခြားသူများကို ပံ့ပိုးပေး ခြင်း နှင့် ကိုယ်ထူကိုယ်ထဖြစ်မှု တိုးတက်လာအောင် တည်ဆောက်ပေး ခြင်းဖြင့် ဆောင်ရွက်ကြသည်။

56 Escalate (in conflict) (verb) (ပဋိပက္ခ) မြင့်မားလာစေသည်

ပဋိပက္ခတခု၏ အတိုင်းအဆ သို့မဟုတ် ပြင်းထန်မှု မြင့်မားလာသည်။

57 Escalation (in conflict) (noun) (ပဋိပက္ခအတွင်း) မြင့်မားလာစေခြင်း

ပဋိပက္ခတခု၏ အတိုင်းအဆ သို့မဟုတ် ပထဝီနယ်ပယ် နှင့်/သို့မဟုတ် ပြင်းထန်မှု မြင့်မားလာခြင်း။ 148

58 External actors ပြင်ပမှ ပါဝင်လှုပ်ရှား ဆောင်ရွက်ကြ သူများ

အဖွဲ့တခု၊ လူမှု အသိုက်အဝန်း၊အဖွဲ့ အစည်း၊ အင်စတိကျုရှင်း၊ အင်အားစု သို့မဟုတ် ရံဖန်ရံခါ ထင်ရှားသည့် ပုဂ္ဂိုလ်များ စသည်တို့သည် ပဋိပက္ခ၊ အားပြိုင်မှု၏ ဗဟိုချက်မတွင် တိုက်ရိုက် ပါဝင်ပတ်သက်မှု ရှိမနေသော်လည်း၊ ပဋိပက္ခအပေါ် သက်ရောက်မှုရှိနိုင်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်သည် (ဆောင်ရွက်နိုင်သည်)။

59 External support ပြင်ပမှ ထောက်ခံပံ့ပိုးမှု

ပဋိပက္ခတခုအတွင်းတွင် တခု သို့မဟုတ် ပိုသည့် ပါတီများထံသို့ ကူညီရန် ရည်ရွယ်ချက်ဖြင့် ပြင်ပအင်အားစုများ က ပံ့ပိုးမှု၊ သို့မဟုတ် အကူအညီ။

60 Failure (Associated with civil resistance) ကျရှုံးမှု (ပြည်သူလူထု ခုခံရေး လှုပ်ရှား မှုရလဒ်နှင့် ပတ်သက်၍)

ပဋိပက္ခတခုအတွင်း ပါတီ အင်အားစု တခု၏ ဖော်ပြထားသည့် ရည်ရွယ်ချက် များကို ပြည့်မီပေါက်မြောက်ရန် သိသာ ထင်ရှားစွာ ပျက်ကွက်ခြင်း

61 Flank, violent အကြမ်းဖက်မှု တောင်ပံ

Violent flank အကြမ်းဖက်မှု တောင်ပံ ဝေါဟာရကို ကြည့်ပါ။ (p. 153).

62 Frame (in communication) (verb) (ဆက်သွယ်ရေးတွင်) ပုံဖော် ဖန်တီး

သည်။ “တစုံတရာသော အဓိပ္ပါယ်ဖွင့်မှု၊ သုံးသပ်ရန် နှင့်/သို့မဟုတ် အဖြေထုတ် ရန်” အချို့သော ပြဿနာများ၊ အချက် များ၊ ဖြစ်ရပ်များကို အလေးထား ဖော်ပြ ရန် နှင့် ချိတ်ဆက်မိရန် ဆောင်ရွက် ခြင်း ဖြစ်သည်။ 158

63 Frame (in communication) (noun) (ဆက်သွယ်ရေးတွင်) ပုံဖော် ဖန်တီး

ခြင်း သတင်းအချက်ကို နေရာချထားမှုအရ ပရိသတ်များ၏ ထင်မြင်ချက်နှင့် နားလည်မှုအပေါ် သက်ရောက်စေရန် နှင့် သတင်း အချက်အလက်မှနေ၍ သူတို့ နိဂုံးချုပ် ကောက်ချက်ဆွဲနိုင်ရန် အခြေအနေ။

64 Freedom (political) (နိုင်ငံရေး) လွတ်လပ်ခွင့်များ

လူတဦးချင်းအနေဖြင့် သူတို့၏ ဘဝနှင့် လူမှုအဖွဲ့အစည်းအတွက် အရေးကြီး သည့် ဆုံးဖြတ်ချက်ချရန် နှင့် လုပ်ဆောင်ရန် အာဏာ၊ အခွင့်အရေး နှင့် အခွင့်အလမ်းရှိသော နိုင်ငံရေး အခြေအနေ။ သို့ဖြင့် သူတို့၏ လူမှု အသိုင်းအဝိုင်းနှင့် နိုင်ငံရေးစနစ်တွင် ပါဝင် လှုပ်ရှားနိုင်ပြီး၊ သက်ရောက်မှု ရှိစေသည်။ 164

65 Freedom of assembly လွတ်လပ်စွာ စုဝေးခွင့်

ဘုံတူညီသော ရည်ရွယ်ချက်တခု အတွက် နေရာတခုတွင် လွတ်လပ်စွာ စုဝေးခြင်း။

66 Freedom of Association လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်

အုပ်စုတခု၏ အစိတ်အပိုင်းအဖြစ် အခြားသူများနှင့်အတူ ပူးပေါင်းပါဝင် ခွင့်။ ယေဘုယျအားဖြင့် ဘုံရည်ရွယ် ချက် ရှိတတ်ကြပြီး၊ စုရုံးခွင့် နှင့် လွတ်လပ်စွာဖော်ပြ ပြောဆိုခွင့်ကိုလည်း များသောအားဖြင့် ကျင့်သုံးကြသည်။

67 Freedom of speech (or Freedom of expression) လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်

လူမှုအဖွဲ့အစည်း တခုအတွင်းနှင့် ပြင်ပ သို့ သတင်းမီဒီယာပေါင်းစုံ အပြည့်အဝ ဖြင့် သတင်းများကို ထိန်းသိမ်းထားနိုင် သည့်၊ ဖော်ပြသည့်၊ ဝေမျှနိုင်သည့်၊ လက်ခံရယူနိုင်ခြင်း နှင့် အိုင်ဒီယာ တွေးခေါ်ယူဆချက်များ ပြုနိုင်သည့် စွမ်းရည်။ (ဥပမာအားဖြင့် ရေးသားထား သည့် သို့မဟုတ် ပြောဆိုသည့် စကား လုံးများ၊ သင်္ကေတများ၊ ဂီတများ၊ ရုပ်ရှင် များ၊ သရုပ်ဆောင် ဖျော်ဖြေမှုများ၊ အနု ပညာ ဖော်ပြချက်များ။

68 Goal ပန်းတိုင်

ကြိုးပမ်းမှုတခုကို ဦးတည်သည့် ပန်းတိုင် သို့မဟုတ် ဦးတည်ချက်။

69 Grand strategy အဂ္ဂ မဟာဗျူဟာ

ပန်းတိုင်ကို ရရှိနိုင်ရန် မည်သို့ဆောင် ရွက်မည်ဟူသည့် ဖက်စုံအမြင်။ ယင်းတွင် မည်သို့သော လှုပ်ရှားမှုပုံစံ (များ) (အကြမ်းမဖက်၊ အကြမ်းဖက်၊ အင်စတိကျူးရှင်းဆိုင်ရာ သို့မဟုတ် ပေါင်းစပ်) ဆောင်ရွက်မည်၊ ရင်းမြစ်များ (လူသား၊ ရုပ်ပစ္စည်း၊ ကျွမ်းကျင်မှု နှင့် အချိန်) တို့ကို မည်သို့နေရာချထားမည်၊ လက်အောက်ခံ မဟာဗျူဟာများ (ရံဖန် ရံခါ ကမ်ပိန်းလှုပ်ရှားမှုများကို ရည်ညွှန်း ဖော်ပြသည်) ကို မည်သို့အသုံးပြု၍ အလယ်အလတ် ရည်မှန်းချက်များကို ရရှိအောင် မည်သို့ဆောင်ရွက်မည်… စသည်တို့ ပါဝင်ပြီး နောက်ဆုံး အန္တိမ ပန်းတိုင်ကို ပံ့ပိုးစေရန် ဖြစ်သည်။ 177

70 Grassroots (adjective) အခြေခံကျသော

သာမာန် ပြည်သူများနှင့် ဆက်နွယ် သော၊ စတင်ဖြစ်ပေါ်သော၊ သို့မဟုတ် ပတ်သက်သော။ နှိုင်းယှဉ်ချက်အရ ခေါင်းဆောင်၊ သို့မဟုတ် လူမှုအဖွဲ့ အစည်း၊ နိုင်ငံရေး ပါတီ၊ သို့မဟုတ် အခြားအုပ်စု၊ သို့မဟုတ် အင်စတိကျူး ရှင်းများ၏ ထိပ်သီးလူနည်းစုများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ 180

71 Grassroots (noun) အခြေခံ ပြည်သူလူထု

၁။ သာမာန်ပြည်သူများ၊ နှိုင်းယှဉ်ချက်အရ ခေါင်းဆောင်၊ သို့မဟုတ် လူမှုအဖွဲ့အစည်း၊ နိုင်ငံရေး ပါတီ၊ သို့မဟုတ် အခြားအုပ်စု၊ သို့မဟုတ် အင်စတိကျူးရှင်းများ၏ ထိပ်သီးလူနည်းစုများနှင့် နှိုင်းယှဉ်ကြည့် နိုင်သည်။ 183 ၂။ ဒေသ ရပ်ရွာလူမှုအဖွဲ့အစည်း အဆင့်ကို ယေဘုယျအားဖြင့် ရည်ညွှန်း ဖော်ပြလေ့ရှိသည်။

72 Grievance နစ်နာ နာကျည်းရမှု

လူမှုရေး၊ နိုင်ငံရေး၊ သို့မဟုတ် စီးပွားရေး မမျှတမတရားမှုများကြောင့် ဖြစ်ပေါ်လာသည့် မကျေချမ်းမှု နှင့်/ သို့မဟုတ် စောဒကမှုများ။ ထိုမှတဆင့် ခုခံတော်လှန်မှုသို့ တိုးတက်ဖြစ်ပေါ်နိုင် သည်။

73 Human rights defender (HRD) လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူ

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူ (HRD) သည် တဦးတည်းဖြစ်စေ၊ သို့မဟုတ် အခြားသူများနှင့်ဖြစ်စေ၊ လူ့ အခွင့်အရေးများကို မြှင့်တင်ပေးရန်၊ ကာကွယ်ပေးရန် ဆောင်ရွက်သူ ဖြစ်သည်။ 188

74 Insurrection, Unarmed လက်နက်မဲ့ ပုန်ကန်ထကြွမှု

ယခင်က အစိုးရ သို့မဟုတ် စနစ်ကို နာခံနေကြသော လူထုအများ ထောက်ခံ ပါဝင်သော တော်လှန်ပုန်ကန်မှု။ သို့သော် ယခုအခါ အကြမ်းမဖက် စိန်ခေါ်မှုများဖြင့် ငြင်းဆန်လာကြသည်။

75 Leadership ခေါင်းဆောင်မှု

၁။ အဖွဲ့အစည်းတခု၊ အင်စတိကျူးရှင်း၊ လှုပ်ရှားမှု၊ အစိုးရ သို့မဟုတ် အခြား အင်အားစုတို့၏ တဦး သို့မဟုတ် ထိုထက်ပိုသော ခေါင်းဆောင်များ။ ၂။ အခြားသူများကို ဦးဆောင်မှုပေးရန် လူတဦး သို့မဟုတ် အဖွဲ့၏စွမ်းရည်။ ယင်းတွင် များသောအားဖြင့် ညွှန်ကြား ရန်၊ စေ့ဆော်ရန်၊ တွန်းအားပေးရန်၊ ထိရောက်စွာ ဆက်သွယ်ရန်၊ စည်းရုံးရန်၊ မဟာဗျူဟာ ချမှတ်ရန် နှင့် လိမ္မာကျွမ်းကျင်သော ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ရန် စွမ်းရည် များ ပါဝင်သည်။

76 Legitimacy တရားဝင်မှု

အုပ်စုတခု သို့မဟုတ် လူတဦး၏ အာဏာနှင့် ပတ်သက်၍ လူအများ၏ အတည်ပြုထောက်ခံမှုမှ ဖြစ်ပေါ်လာ သည်ဟူသော ယုံကြည်မှု။ သို့မဟုတ် လက်ခံထားသော ရင်းမြစ်များ၊ စံပေတံ၊ အခြေခံစံနှုန်းများ နှင့်အညီ ဖြစ်ပေါ်မှု။ 198

77 Loyalty shift သစ္စာခံမှု ပြောင်းလဲခြင်း

လူတဦး သို့မဟုတ် အုပ်စုတခုအပေါ် ထောက်ခံမှု သို့မဟုတ် သစ္စာခံမှု ပြောင်းလဲမှုတခု။ သို့အတွက်ကြောင့် ယခင်ခေါင်းဆောင် သို့မဟုတ် အုပ်စုကို ဆက်လက်ထောက်ခံခြင်း မပြုတော့ဘဲ ကြားနေကြသည်။ သို့မဟုတ် ခေါင်းဆောင်အသစ် သို့မဟုတ် အုပ်စုကို ထောက်ခံဖို့ ဖြစ်လာသည်။

78 March (noun) ချီတက်ခြင်း

လူတဦး သို့မဟုတ် ပိုများသည့်သူများ (များသောအားဖြင့် လူအုပ်စုတခု) က ရည်ရွယ်ချက်ရှိရှိဖြင့် ဆန္ဒပြ လမ်းလျှောက်ခြင်း၊ စုစည်းသည့် အသွင်ဖြင့် တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။ များသောအားဖြင့် သိသာ ထင်ရှားသည့် ပြဿနာကိစ္စရပ်များနှင့် ပတ်သက်နေသည့် နေရာများသို့ ဦးတည် သွားကြသည်။

79 Mass demonstration လူအများစုရုံး ဆန္ဒပြခြင်း

အလွန်များပြားသော လူထုအများအပြား ပါဝင်လှုပ်ရှားသည့် ဆန္ဒပြပွဲတခု။

80 Mechanism of change အပြောင်းအလဲ ဖြစ်စေမည့် လုပ်ငန်းစဉ်

အောင်မြင်သည့် အကြမ်းမဖက် လှုပ်ရှား မှု ဖြစ်ရပ်များတွင် အပြောင်းအလဲ ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်များ။ နည်းလမ်း ၄ ခုမှာ- ပြောင်းလဲလာစေခြင်း၊ လိုက်လျော ညှိနှိုင်းခြင်း၊ အကြမ်းမဖက် တိုက်တွန်း ခြင်း နှင့် ပြိုကွဲစေခြင်းတို့ ဖြစ်သည်။ 208

81 Methods of non-violent action အကြမ်းမဖက်သော နည်းနာများ

“အကြမ်းမဖက် လှုပ်ရှားမှု” အဓိပ္ပါယ် ဖွင့်ဆိုချက်အောက်ပါသည့် ဖြစ်နိုင်သော လှုပ်ရှားမှု အမျိုးမျိုး။

82 Mobilization စည်းရုံးလှုံ့ဆော်မှု

လူအုပ်စု၊ ရင်းမြစ်များကို စည်းရုံးသည့် လုပ်ဆောင်မှု နှင့်/ သို့မဟုတ် တစုံတရာ သော ရည်ရွယ်ချက်အတွက် စုပေါင်း ဆောင်ရွက်မှု ပြုကြခြင်း။

83 Mobilize စည်းရုံးလှုံ့ဆော်သည်

လူအုပ်စု၊ ရင်းမြစ်များကို စည်းရုံးသည် နှင့်/ သို့မဟုတ် တစုံတရာသော ရည်ရွယ်ချက်အတွက် စုပေါင်း ဆောင်ရွက်မှု ပြုကြသည်။

84 Movement လှုပ်ရှားမှု

လူမှုရေး၊ စီးပွားရေး နှင့်/ သို့မဟုတ် နိုင်ငံရေးစနစ်တွင် အကျိုးဆက်ရလဒ် အဖြစ် အပြောင်းအလဲ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ ဆက်လက်ဆောင် ရွက်နေသော၊ စုပေါင်း ကြိုးပမ်းမှု။ လှုပ်ရှားမှုများသည် လူထုအခြေခံ ဖြစ်ပြီး၊ အကျယ်အပြန့်သော လူထုများ၏ ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်မှု ရှိကြသည်။ ထိုသူများက အပြောင်းအလဲဖြစ်ပေါ် စေရန် သတိပေးခြင်း၊ ပညာပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း နှင့် စည်းရုံးလှုံ့ဆော်ခြင်း ပြုကြသည်။ 218

85 Non-cooperation မပူးပေါင်း မဆောင်ရွက်မှု

တမင်တကာ ကန့်သတ်ခြင်း၊ ဆက်လက်၍ မဆောင်ရွက်ခြင်း သို့မဟုတ် မနှစ်သက် အတည်မပြုသည့် ပုဂ္ဂိုလ်၊ လှုပ်ရှားမှု၊ အင်စတိကျူးရှင်း သို့မဟုတ် အစိုးရအပေါ် မျှော်လင့် ထားသည့် အမူအကျင့် သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

86 Non-Governmental Organization (or “NGOs) အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (အဲန်ဂျီအို)

ပုဂ္ဂလိက အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး၊ တခု သို့မဟုတ် ထိုထက်ပိုသည့် လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေး ဦးတည် ချက်များကို တိုးတက်လာစေရန် ရည်ရွယ်၍ သံန္နိဌာန်ချမှတ် ဆောင်ရွက် ကြသည်။ 223

87 Non-State actor (or Nonstate actor) အစိုးရမဟုတ်သည့် အင်အားစုများ

မည်သည့်အစိုးရ သို့မဟုတ် နိုင်ငံစုံ အဖွဲ့ အစည်း အင်စတိကျူးရှင်း၏ တရားဝင် အစိတ်အပိုင်း မဟုတ်သည့် အမျိုးမျိုး အထွေထွေသော အုပ်စုများ ပါဝင်သည်။ ယင်းတို့တွင် လှုပ်ရှားမှုများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း (အဲန်ဂျီအို) များ၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းများ၊ အစိုးရမဟုတ်သည့် သတင်းမီဒီယာများ၊ အကြမ်းဖက် အဖွဲ့အစည်းများ၊ စစ်ဘုရင်များ၊ သူပုန်များ၊ ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းများ၊ ဘာသာရေးအုပ်စုများ၊ သီးခြားလွတ်လပ်သည့် အလုပ်သမား သမဂ္ဂများ၊ သီးခြားလွတ်လပ်သည့် တက္ကသိုလ်များ နှင့် ပြည်ပရောက် လူမှု အသိုက်အဝန်းများ ပါဝင်ကြသည်။ 227

88 Nonviolence အကြမ်းမဖက် လှုပ်ရှားမှု

၁။ ဘာသာရေး သို့မဟုတ် ကျင့်ဝတ်ဆိုင် ရာ အကြောင်းပြချက်ဖြင့် အကြမ်းမဖက် ရန် ဆင်ခြင်ထိန်းသိမ်းသည့် ကျင့်သုံးမှု။ အချို့သော ယုံကြည်မှုစနစ်များတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခွင့်ပြု မထားပေ။ အချို့သော ယုံကြည်မှုစနစ်များတွင်မူ ရန်လိုတိုက်ခိုက်လိုသည့် တွေးခေါ်မှု နှင့် စကားလုံးများကို တားမြစ်ထားသည်။ အချို့တွင်မူ ထိုထက်ပို၍ ဆန့်ကျင်သူ များကိုပင် အပြုသဘော ရှုမြင်ရန် နှင့် အမူအကျင့် ကျင့်သုံးရန် ညွှန်ကြားကြ သည်။ ၂။ အကြမ်းဖက်မှုအပေါ် ထိန်းသိမ်းမှုကို (ပထမအဓိပ္ပါယ်ဖွင့်ဆိုချက် အရ မည်သည့်ကိစ္စတခုခု သို့မဟုတ် ရှုထောင့်အားလုံး အပါအဝင်) ကို ဘာသာရေး သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ ယုံကြည်မှုအပေါ် အခြေခံ၍ ကျင့်သုံးမှု ဖြစ်သည်။ မတရားမမျှတသည့် အခြေ အနေတွင်ပင် အကြမ်းမဖက် လှုပ်ရှားမှု ကို စွဲစွဲမြဲမြဲ ကျင့်သုံးကိုင်စွဲရန် တိုက်တွန်းကြသည်။ ၃။ လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွား ရေး အပြောင်းအလဲများ ဖြစ်ပေါ်စေရန် အကြမ်းမဖက် နည်းနာများကို အသုံး ပြုခြင်း။

89 Nonviolence, pragmatic လက်တွေ့ကျသည့် အကြမ်းမဖက် လှုပ်ရှားမှု

ကျင့်ဝတ်ပိုင်းဆိုင်ရာ တင်းကျပ်သည့် ကိစ္စများအတွက် မဟုတ်ဘဲ၊ လက်တွေ့ ကျသည့် အရေးကိစ္စများအတွက် လမ်းညွှန်ဆောင်ရွက်သည့် အကြမ်းမဖက်သော လှုပ်ရှား ကျင့်သုံးမှု။

90 Nonviolence, principled စည်းစနစ်ကျသည့် အကြမ်းမဖက် လှုပ်ရှားမှု

၁။ ဘာသာရေး သို့မဟုတ် ကျင့်ဝတ်ဆိုင် ရာ အကြောင်းပြချက်ဖြင့် အကြမ်းမဖက် ရန် ဆင်ခြင်ထိန်းသိမ်းသည့် ကျင့်သုံးမှု။ အချို့သော ယုံကြည်မှုစနစ်များတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခွင့်ပြု မထားပေ။ အချို့သော ယုံကြည်မှုစနစ် များတွင်မူ ရန်လိုတိုက်ခိုက်လိုသည့် တွေးခေါ်မှု နှင့် စကားလုံးများကို တားမြစ်ထားသည်။ အချို့တွင်မူ ထိုထက်ပို၍ ဆန့်ကျင်သူများကိုပင် အပြုသဘော ရှုမြင်ရန် နှင့် အမူအကျင့် ကျင့်သုံးရန် ညွှန်ကြားကြသည်။ သို့မဟုတ် ဆန့်ကျင်ဖက်ဟူသည့် အမြင်ကိုပင် ငြင်းပယ်ကြသည်။ ၂။ အကြမ်းဖက်မှုအပေါ် ထိန်းသိမ်းမှုကို (ပထမအဓိပ္ပါယ်ဖွင့်ဆိုချက် အရ မည်သည့်ကိစ္စတခုခု သို့မဟုတ် ရှုထောင့်အားလုံး အပါအဝင်) ကို ဘာသာရေး သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ ယုံကြည်မှုအပေါ် အခြေခံ၍ ကျင့်သုံးမှု ဖြစ်သည်။ မတရားမမျှတသည့် အခြေ အနေတွင်ပင် အကြမ်းမဖက် လှုပ်ရှားမှု ကို စွဲစွဲမြဲမြဲ ကျင့်သုံးကိုင်စွဲရန် တိုက်တွန်းကြသည်။

91 Non-violent (or nonviolent) အကြမ်းမဖက်သော

၁။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အသုံး ပြုမှု သို့မဟုတ် ခြိမ်းခြောက်မှု ကင်းမဲ့ ခြင်း။ ၂။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေမှု၊ သေဆုံးမှု၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရစေမှု၊ ဖွံ့ဖြိုးမှု ပျက်စီးစေခြင်း သို့မဟုတ် ချို့တဲ့ဆုံးရှုံးမှု ဒုက္ခများ ပုံစံ တမျိုးမျိုးဖြင့် အသုံးပြုမည် သို့မဟုတ် ခြိမ်းခြောက်မှု မပါဝင်ဘဲ တည်ရှိဖြစ်ပေါ် မှု သို့မဟုတ် လုပ်ငန်းဆောင်ရွက်ခြင်း။

92 Non-violent action အကြမ်းမဖက်သော လှုပ်ရှားမှု

နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လူမှုရေး ဦးတည်ချက်များအတွက် အကြမ်းဖက်မှု အသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက် ခြင်း မပါဝင်ဘဲ စိန်ခေါ်လှုပ်ရှားသည့် နည်းနာတခု ဖြစ်သည်။ ယင်းနည်းနာ တွင် အောက်ပါတို့ ပါဝင်သည်။ က။ တာဝန်ဖြင့် လုပ်ဆောင်မှု (acts of commission)။ ယင်းတွင် လူများက မလုပ်ဆောင်ရမည့် အရာ၊ မမျှော်လင့်ထားသည့်အရာ၊ သို့မဟုတ် ဥပဒေအရ တားမြစ်ထားသည့် အရာများ (ဥပမာအားဖြင့် သပိတ်မှောက်ခြင်း၊ သင်္ကေတအရ လှုပ်ရှားခြင်း၊ အကြမ်း မဖက် ပိတ်ဆို့ခြင်း နှင့် သိမ်းပိုက်ခြင်း များ) ကို ဆောင်ရွက်ခြင်း။ ခ။ ငြင်းပယ်သည့် လှုပ်ရှားမှုများ (acts of omission)။ ယင်းတွင် လူထုများက လုပ်ဆောင်ရမည့်၊ လုပ်ဆောင်ရန် မျှော် လင့်ထားသည့် ကိစ္စများ၊ ဥပဒေအရ လုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စများကို ငြင်းပယ်ခြင်း ဖြစ်သည်။ (ဥပမာအား ဖြင့်- သပိတ်မှောက်မှုများ၊ ဘွိုင်းကောက်များ နှင့် အခြားသော ပုံစံဖြင့် မပူးပေါင်းမဆောင်ရွက်မှုများ) သို့မဟုတ် ဂ။ တာဝန်ဖြင့် လုပ်ဆောင်မှုများ နှင့် ငြင်းပယ်သည့် လှုပ်ရှားမှုများကို ပေါင်းစပ်အသုံးပြုမှု တခု။ 238

93 Non-violent coercion အကြမ်းမဖက်သော အင်အားဖြင့် တိုက်တွန်းမှု

လူထု ခုခံရေးကမ်ပိန်း သို့မဟုတ် လှုပ်ရှားမှု၏ တောင်းဆိုချက်များကို လက်ခံလာစေရေးအတွက်၊ အာဏာ လက်ကိုင်ထားသူများကို အကြမ်းမဖက် သည့် လှုပ်ရှားမှုဖြင့် ပြောင်းလဲလာစေ သည့် လုပ်ငန်းဖြစ်စဉ်တခု ဖြစ်သည်။ အကြောင်းမှာ ထိရောက်စွာထိန်းချုပ်မှု ကို အာဏာရှိသူများထံမှ အကျယ် အပြန့်သော မပူးပေါင်းမဆောင်ရွက်မှု၊ အာခံမှုတို့ဖြင့် ဖယ်ရှားလိုက်သော ကြောင့် ဖြစ်သည်။ 242

94 Non-violent conflict အကြမ်းမဖက်သည့် ပဋိပက္ခ

၁။ တိုက်ပွဲဆင်နွှဲရန် နည်းနာများအဖြစ် အနည်းဆုံးပါတီ တခုက အကြမ်းမဖက် လှုပ်ရှားမှု ဆောင်ရွက်သည့် ပဋိပက္ခ။ ၂။ ပဋိပက္ခ အခြေအနေတွင် အကြမ်းမဖက်သော လှုပ်ရှားမှုနည်းနာ ကို အသုံးချခြင်း။

95 Non-violent direct action အကြမ်းမဖက်သော တိုက်ရိုက်ကျသည့် လှုပ်ရှားမှုများ

တိုက်ရိုက် လှုပ်ရှားမှု (direct action) ဝေါဟာရကို ကြည့်ပါ။ (p. 54)

96 Non-violent discipline အကြမ်းမဖက် စည်းမျဉ်းများ

၁။ လူထု ခုခံမှု လှုပ်ရှားမှုအဖွဲ့ဝင်များက အကြမ်းမဖက်သည့် အပြုအမူကို မဆုတ်မနစ် ကိုင်စွဲမှု။ ၂။ အကြမ်းမဖက် လှုပ်ရှားမှု သို့မဟုတ် ကမ်ပိန်း မဟာဗျူဟာကို လိုက်နာစောင့် ထိန်းမှု။ ယင်းတွင် အကြမ်းမဖက် နည်းဗျူဟာများကို အစီအစဉ် စနစ် ကျစွာ ကျင့်သုံးအကောင်အထည်ဖော် ခြင်း၊ ဆက်သွယ်ခြင်းများ၊ လိုက်နာရမည့် ကျင့်ထုံးများ၊ ဥပမာအား ဖြင့် လှုံ့ဆော်မှုများ အောက်တွင်ပင် အကြမ်းမဖက်ဘဲ ဆက်လက်ရှိနေခြင်း စသည့် ကျင့်သုံးမှုများ ပါဝင်သည်။ 249

97 Non-violent intervention အကြမ်းမဖက်သော ကြားဝင်ဆောင် ရွက် လှုပ်ရှားမှု

ဆန့်ကျင်ဖက် အင်အားစု၏ လှုပ်ရှားမှု များ နှင့် သူတို့၏ လူမှုရေး၊ နိုင်ငံရေး နှင့်/သို့မဟုတ် စီးပွားရေးစနစ် အတွင်း လုပ်ကိုင်ဆောင်ရွက်မှုများအတွင်း တိုက်ရိုက် ကြားဝင်ဆောင်ရွက်သည့် အကြမ်းမဖက် လှုပ်ရှားမှု နည်းလမ်း အများအပြား ဖြစ်သည်။ အကြမ်းမဖက် ကြားဝင်ဆောင်ရွက်မှု သည် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ (ဥပမာ- ထိုင်သပိတ်၊ သို့မဟုတ် လမ်းတခု သို့မဟုတ် အဆောက်အဦး တခုကို အကြမ်းမဖက် ပိတ်ဆို့ခြင်း) ဖြစ်တတ်ပြီး၊ စိတ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်သည်။ (ဥပမာအားဖြင့်- အစာ အငတ်ခံသပိတ်များ၊ သို့မဟုတ် ဆန့်ကျင်ဖက်အင်အားစုများက တရားဝင် တာဝန်များထမ်းဆောင်ကြ သည့်အခါ အကြမ်းမဖက် နှောင့်ယှက် ဒုက္ခပေးခြင်း)၊ လူမှုရေးအရ ဆောင်ရွက် ခြင်း (ဥပမာ- အသစ်သော လူမှုရေး ဖွဲ့စည်းပုံများ၊ ဆက်သွယ်ရေးစနစ်များ ထူထောင်ခြင်း၊ သို့မဟုတ် အခြားရွေး ချယ်စရာ လူမှုရေးအင်စတိကျူးရှင်းများ ထူထောင်ခြင်း)၊ စီးပွားရေးအရ ဆောင် ရွက်ခြင်း (ဥပမာ- အခြားရွေးချယ်စရာ စီးပွားရေး အင်စတိကျူးရှင်းများ ထူထောင်ခြင်း၊ သို့မဟုတ် အကြမ်း မဖက် မြေနှင့် ပိုင်ဆိုင်မှုများကို အကြမ်း မဖက် သိမ်းပိုက်ခြင်း)၊ သို့မဟုတ် နိုင်ငံ ရေးအရ ဆောင်ရွက်ခြင်း (ဥပမာ- အုပ် ချုပ်ရေးစနစ်အပေါ် ပို၍ ဝန် သက် ရောက်စေခြင်း၊ အဖမ်းခံရရန် ပြုခြင်း၊ သို့မဟုတ် အခြားရွေးချယ်စရာ အုပ်ချုပ်ရေး အင်စတိကျူးရှင်းများ ထူထောင်ခြင်း) တို့ ပါဝင်သည်။ 253

98 Non-violent struggle အကြမ်းမဖက် လှုပ်ရှားမှု

လူထုခုခံမှု လှုပ်ရှားမှုတခု သို့မဟုတ် ကမ်ပိန်းတခု၏ ရေရှည်တည်တံ့သည့် အကြမ်းမဖက် လှုပ်ရှားမှု ဆင်နွှဲခြင်း

99 Obedience နာခံမှု

တောင်းဆိုမှုတခု၊ မျှော်လင့်ချက်၊ အမိန့်၊ ဥပဒေ၊ သို့မဟုတ် လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးတန်ဖိုးထားမှုများ ကို လိုက်နာခြင်း နှင့်/သို့မဟုတ် အခြားသူတဦး၏ အာဏာပိုင်မှု သို့မဟုတ် အင်စတိကျူးရှင်းကို ကျိုးနွံ နာခံခြင်း။ 258

100 Obey နာခံသည်

တောင်းဆိုမှုတခု၊ မျှော်လင့်ချက်၊ အမိန့်၊ ဥပဒေ၊ သို့မဟုတ် လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးတန်ဖိုးထားမှုများ ကို လိုက်နာသည် နှင့်/သို့မဟုတ် အခြားသူတဦး၏ အာဏာပိုင်မှု သို့မဟုတ် အင်စတိကျူးရှင်းကို ကျိုးနွံ နာခံသည်။ 261

101 Objective (noun) ဦးတည်ချက်

ပန်းတိုင် (Goal) ဝေါဟာရကို ကြည့်ပါ။ (p. 73).

102 Omission (Act of or tactic of) (လုပ်ဆောင်မှုအရ သို့မဟုတ် နည်းဗျူဟာအရ) ဖယ်ကျဉ်ခြင်း

သူတို့ လုပ်ဆောင်ရန်ရှိသည့် အလုပ်၊ လုပ်ဆောင်ရန် မျှော်လင့်ထားသည့်၊ ဥပဒေအရ လုပ်ဆောင်ရန် လိုအပ်သည့် ကိစ္စများကို လူအများက ငြင်းပယ်သည့် လူထု ခုခံရေးလုပ်ဆောင်ချက် တရပ်။ 264

103 Opponent ဆန့်ကျင် အတိုက်အခံပြုသူ

ပြိုင်ပွဲတခု၊ ကစားပွဲတခု၊ အငြင်းပွားမှု သို့မဟုတ် အာဏာအားပြိုင်မှုတခု နှင့် ထိန်းချုပ်မှုအတွက် အခြားသူများနှင့် အင်အားပြိုင်နေသည့် သို့မဟုတ် တိုက်ခိုက်နေသည့် အုပ်စုတခု၊ အင်စတိ ကျူးရှင်း၊ အစိုးရ သို့မဟုတ် တိကျသည့် လူပုဂ္ဂိုလ်တဦး။ 266

104 Opposition group အတိုက်အခံအုပ်စု

အစိုးရ၊ အင်စတိကျူးရှင်း၊ သို့မဟုတ် လွှမ်းမိုးချယ်လှယ်နေသည့် ထိပ်သီး လူနည်းစုများကို အင်အားပြိုင်ဆိုင်နေ သည့် နိုင်ငံရေးပါတီတခု သို့မဟုတ် လူထု ခုခံမှု ကမ်ပိန်း သို့မဟုတ် လှုပ်ရှားမှု။ 269

105 Organizer (in the context of civil resistance) စည်းရုံးရေးမှူး (ပြည်သူလူထု ခုခံရေး လှုပ်ရှားမှု အခြေအနေ၌)

လှုပ်ရှားမှုတခု သို့မဟုတ် ကမ်ပိန်းတခု ဖွံ့ဖြိုးစေရန် နှင့် အကောင်အထည်ဖော် ရန် တက်ကြွစွာ ပါဝင်ပတ်သက်နေ သည့် လူပုဂ္ဂိုလ်တဦး ဖြစ်သည်။ (လှုပ်ရှားမှု၏ လူထုဆက်ဆံရေကိစ္စများ တွင် ပါဝင်နေခြင်းမျှသာ မဟုတ်ဘဲ) မဟာဗျူဟာ နှင့် နည်းဗျူဟာများလည်း ရေးဆွဲကြံဆနေသည်။ ယင်းပုဂ္ဂိုလ်က ညီညွတ်သော ကြိုးပမ်းဆောင်ရွက်မှု ဖြစ်ပေါ်လာစေရန် စနစ်တကျ ဖွဲ့စည်း၊ အစီအစဉ် ရေးဆွဲသည်။ ယင်းကြိုးပမ်းမှု တွင် အခြားသူများ ပါဝင်လာစေရန် စည်းရုံးသိမ်းသွင်းသည်။

106 Parallel institution စင်ပြိုင် အဖွဲ့အစည်းစနစ်

ဖိနှိပ်သည့် သို့မဟုတ် လူထုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဖူလုံခြင်း မရှိသည့် တည်ဆဲ အင်စတိ ကျူးရှင်းများကို အစားထိုးရန်၊ အကြမ်း မဖက်လှုပ်ရှားမှု တခုက အခြားရွေးချယ် စရာအဖြစ် တည်ဆောက်သည့် လူမှု ရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး သို့မဟုတ် အုပ်ချုပ်မှုစနစ် ဖွဲ့စည်းပုံတခု။ ယင်းဖွဲ့စည်းပုံများသည် အစိုးရ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး သို့မဟုတ် အင်စတိကျူးရှင်းများ နှင့် သီးခြား ကင်းလွတ်နေသည်။

107 People power ပြည်သူ့အာဏာ

၁။ လူမှုအဖွဲ့အစည်းအတွင်းရှိ လှုံ့ဆော် စည်းရုံးထားသည့် လူအများက လူထု ခုခံမှုကို အသုံးပြုခြင်း။ ၂။ “နိုင်ငံရေး နှင့် လူမှုရေးအပြောင်း အလဲများ ဖြစ်ပေါ်စေရန် အကြမ်းမဖက် ပုံစံ များဖြင့် လှုပ်ရှားဆောင်ရွက်သည့် လှုံ့ဆော်စည်းရုံးထားသည့် လူထု၏ စွမ်းရည်” 277

108 Pillars of support ထောက်ခံပေးမှု ထောက်တိုင်များ

အစိုးရတခု၊ ကော်ပိုရေးရှင်းတခု၊ သို့မဟုတ် အခြားစနစ်များကို ယင်း၏ အုပ်ချုပ်မှု ဆက်လက်ထိန်းသိမ်းနိုင်ရန် ပံ့ပိုးထောက်ခံပေးသည့် လူ့အဖွဲ့အစည်း အတွင်းရှိ အင်စတိကျူးရှင်းများ ဖြစ်သည်။ “ထောက်တိုင်) တခုချင်းစီ သည် အင်စတိကျူးရှင်းတခု ဖြစ်ပြီး၊ တည်ဆဲ အစိုးရ၊ ကော်ပိုရေးရှင်း၊ သို့မဟုတ် စနစ်၏ အာဏာဖွဲ့စည်းထား ပုံကို ထောက်ခံပံ့ပိုးထားသည်။ 281

109 Plan (verb) အစီအစဉ် ရေးဆွဲသည်

ပန်းတိုင်ကို မည်သို့ရရှိနိုင်မည်ကို ဆုံးဖြတ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ များသောအားဖြင့် ဤလုပ်ငန်းစဉ် [တခါ တရံ “အစီအစဉ်ရေးဆွဲသည့် လုပ်ငန်းစဉ်” ဟု ရည်ညွှန်းဖော်ပြသည်] တွင် အခြေအနေအပေါ် စုဆောင်းခြင်း နှင့် သုံးသပ်ခြင်း၊ ဖြစ်တန်ခြေများကို ကြံဆရှာဖွေခြင်း နှင့် အစီအစဉ်တကျ အဆင့်များကို ရင်းမြစ်များကို နေရာချ ထားရန် ဆုံးဖြတ်ခြင်း၊ လိုလားသည့် ရလဒ်ထွက်ပေါ်စေရန်အတွက် လှုပ်ရှား မှုများ နှင့်/သို့မဟုတ် လုပ်ငန်းများ ပါဝင် ကြသည်။

110 Plan (noun) အစီအစဉ်

လိုလားသည့် ရလဒ်ပြည့်မြောက်နိုင်ရန် ဆောင်ရွက်ရမည့် အဆင့်များ နှင့် လှုပ်ရှားမှုများ။

111 Political defiance နိုင်ငံရေး အံတုမှု

အစိုးရတခု၏ တည်ဆဲ အုပ်ချုပ်မှု နှင့် မူဝါဒများကို ဆန့်ကျင်သည့် လူထုခုခံမှု ကို အသုံးချခြင်း။

112 Political jujitsu နိုင်ငံရေး ဂျူဂျစ်ဆု

ဆိုးကျိုးရလဒ် (backfire) ဝေါဟာရကို ကြည့်ပါ။ (p. 27)

113 Political noncooperation နိုင်ငံရေးအရ မပူးပေါင်း မဆောင်ရွက် ခြင်း

မျှော်လင့်ထားသည့် သို့မဟုတ် တာဝန် ရှိသည့် နိုင်ငံရေး လုပ်ဆောင်မှုများ သို့မဟုတ် နိုင်ငံရေးစနစ်အတွင်း ပါဝင် ဆောင်ရွက်မှုမှ ဆုတ်ခွာခြင်း ပုံစံ သို့မဟုတ် ပါဝင်ဆောင်ရွက်ရန် တက်ကြွစွာ ငြင်းပယ်ခြင်း။ 293

114 Political power နိုင်ငံရေး အာဏာ

လူမှုအဖွဲ့အစည်းတခုအတွက် တရားဝင် မူဝါဒများနှင့် ကျင့်သုံးမှုများကို ဆုံးဖြတ် ရန် နှင့် အကောင်အထည်ဖော်ရည် အစွမ်း၊ သို့မဟုတ် စွမ်းဆောင်နိုင်မှု ဖြစ်သည်။ ယင်းကို အခြားသူများ၏ အမူအကျင့် သို့မဟုတ် ဖြစ်ရပ်များ လမ်းကြောင်းကို ညွှန်ကြားခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးခြင်းဖြင့် ဆောင်ရွက်သည်။ 296

115 Political space နိုင်ငံရေးအရ လှုပ်ရှားနယ်ပယ်

လူများက လုံခြုံဘေးကင်းစွာ နှင့် လွတ်လပ်စွာ စကားလုံးများ သို့မဟုတ် လုပ်ရပ်များဖြင့် သူတို့၏ လိုလားချက် များကို ဖော်ပြနိုင်သည့်၊ နိုင်ငံရေး လုပ်ငန်းစဉ်များ နှင့် ရလဒ်များအပေါ် ဩဇာလွှမ်းမိုးစေနိုင်သည့် အခွင့်အလမ်း ပေါင်းစုံ။ 300

116 Political transition နိုင်ငံရေး အသွင်ကူးပြောင်းမှု

နိုင်ငံရေး အသွင်ကူးပြောင်းမှု (transition, political) ဝေါဟာရကို ကြည့်ပါ။ (p. 148).

117 Power (noun) အာဏာ

အခြားသောသူများ၊ အုပ်စုများ၊ အင်စတိ ကျူးရှင်းများ၊ လူတဦး၏ ဝန်းကျင် နှင့်/သို့မဟုတ် လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှု ဖြစ်စေနိုင်သည့် အစွမ်း သို့မဟုတ် စွမ်းဆောင်နိုင်မှု။

118 Powerholder အာဏာ ကိုင်ထားသူ

အာဏာရှိသည့် လူပုဂ္ဂိုလ်တဦး သို့မဟုတ် အင်စတိကျူးရှင်း။ ယင်းကို နိုင်ငံတော် အစိုးရ သို့မဟုတ် အစိုးရ မဟုတ်သည့် အင်အားစုအတွက် အသုံးပြုနိုင်သည်။ အာဏာ၏ရင်းမြစ် သည် တရားဝင်ဖြစ်စေ၊ ပုံမှန်မဟုတ် တရားမဝင် ဖြစ်စေ ရှိနိုင်သည်။

119 Practical nonviolence (see Nonviolence, pragmatic) လက်တွေ့ကျသည့် အကြမ်းမဖက် လှုပ်ရှားမှု

လက်တွေ့ကျသည့် အကြမ်းမဖက် လှုပ်ရှားမှု (nonviolence, pragmatic) ဝေါဟာရကို ကြည့်ပါ။ (p. 93).

120 Principled nonviolence (see Nonviolence, Principled) စည်းစနစ်ကျသည့် အကြမ်းမဖက် လှုပ်ရှားမှု

စည်းစနစ်ကျသည့် အကြမ်းမဖက် လှုပ်ရှားမှု (nonviolence, principled) ဝေါဟာရကို ကြည့်ပါ။ (p. 94).

121 Protest (verb) ကန့်ကွက် ဆန့်ကျင်ဆန္ဒပြသည်

၁။ စကားလုံးများ သို့မဟုတ် လုပ်ရပ်များမှတဆင့် ငြင်းပယ်မှု သို့မဟုတ် သဘောမကျ မနှစ်သက်ကြောင်း ဖော်ပြသည်။ 310 ၂။ တစုံတရာသော မူဝါဒများအပေါ်၊ ကျင့်သုံးမှုများ အပေါ် သို့မဟုတ် အမြင်များအပေါ် သဘောမကျ မနှစ်သက်ကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို အခြားသူ လူအများနှင့် စုဝေး၍ ဆန္ဒဖော်ပြသည်။

122 Protest (noun) ကန့်ကွက် ဆန့်ကျင်ဆန္ဒပြမှု

၁။ စကားလုံးများ သို့မဟုတ် လုပ်ရပ်များမှတဆင့် ငြင်းပယ်မှု သို့မဟုတ် သဘောမကျ မနှစ်သက်ကြောင်း ဖော်ပြချက်။ 313 ၂။ တစုံတရာသော မူဝါဒများအပေါ်၊ ကျင့်သုံးမှုများ အပေါ် သို့မဟုတ် အမြင်များအပေါ် သဘောမကျ မနှစ်သက်ကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို လူအများ စုဝေး ဆန္ဒဖော်ပြမှု။

123 Rally (noun) လူစုဝေးမှု

နိုင်ငံရေး သပိတ်မှောက်မှုတွင် ပါဝင် ဆောင်ရွက်သည့် လူအများစုဝေးမှု ဖြစ်ပြီး၊ သို့မဟုတ် အရေးတခု၊ အုပ်စုတခု သို့မဟုတ် ခေါင်းဆောင် အပေါ် ထောက်ခံကြောင်း လူအများ စုဝေးမှု။ 316

124 Repress ဖိနှိပ်သည်

လူတဦး သို့မဟုတ် အုပ်စုတခုအပေါ် ထိန်းချုပ်နိုင်ရန်၊ သို့မဟုတ် လူတဦး သို့မဟုတ် အုပ်စုတခုက ကျိုးနွံနာခံလာ စေရန်၊ သို့မဟုတ် သူတို့၏ လုပ်ဆောင်မှုများအပေါ် ဖိအားပေးခြင်း၊ သို့မဟုတ် ဆန့်ကျင်အင်အားသုံးခြင်း။

125 Repression ဖိနှိပ်မှု

လူတဦး သို့မဟုတ် အုပ်စုတခုအပေါ် ထိန်းချုပ်နိုင်ရန်၊ သို့မဟုတ် လူတဦး သို့မဟုတ် အုပ်စုတခုက ကျိုးနွံနာခံလာ စေရန် ဖိအား သို့မဟုတ် အင်အား ဆန့်ကျင်အသုံးပြုခြင်း။

126 Resilience ကြံ့ကြံ့ခံနိုင်မှု

လူထု ခုခံမှု လှုပ်ရှားမှု သို့မဟုတ် ကမ်ပိန်း၏ အချိန်ကြာလာသည်နှင့် အမျှ တည်မြဲနိုင်သော စွမ်းရည်။ သို့မဟုတ် အတွင်း နှင့် ပြင်ပဆိုင်ရာ အားနည်းချို့ယွင်းချက်များ နှင့်/သို့မဟုတ် အင်အားဖျက်သိမ်းစေရန် နှင့် [အကြမ်းဖက်] ဖိနှိပ်မှုကြောင့် ပါဝင်ဆောင်ရွက်ခြင်း မပြုစေရန် ကြိုးပမ်းမှုများမှ ရပ်တည်နိုင်သော စွမ်းရည်။

127 Revolution (Social, Political or Economic) တော်လှန်ရေး (လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးအရ)

တည်ဆဲ လွှမ်းမိုးထားသည့် လူမှုရေး၊ နိုင်ငံရေး နှင့်/သို့မဟုတ် စီးပွားရေးစနစ် အခြေခံကျကျ ပြောင်းလဲမှုဖြစ်စေသည့်၊ စနစ်အသစ်နှင့် အစားထိုးလိုက်သည့် လုပ်ငန်းစဉ်၊ ဖြစ်ရပ်၊ သို့မဟုတ် အချိန်ကာလ။

128 Sanctions အရေးယူ ဒဏ်ခတ်မှုများ

လူများ၊ အင်စတိကျူးရှင်းများ သို့မဟုတ် အစိုးရများက က။ မျှော်လင့်ထားသည့်၊ လိုလားအပ် သည့် သို့မဟုတ် ဥပဒေအရ လိုအပ် သည့် အမူအကျင့် သို့မဟုတ် ခ။ မျှော်လင့်မထားသည့်၊ မလိုလားအပ် သည့် သို့မဟုတ် တားမြစ်ထားသည့် အမူအကျင့် ကြောင့် ချမှတ်သော အရေးယူ အပြစ်ပေးမှု သို့မဟုတ် လက်တုံ့ပြန်ခြင်း။

129 Self-determination ကိုယ်ပိုင်ပြဌာန်းခွင့်

လူဦးရေ၊ အုပ်စု သို့မဟုတ် နိုင်ငံတခု၏ စည်းနှောင်မှုရှိသည့် ဆုံးဖြတ်ချက်များ ပြုနိုင်သည့် စွမ်းရည်။ ယင်းကို ပြည်တွင်း နှင့် နိုင်ငံတကာက ယင်းတို့ ကိုယ်တိုင် မည်သို့အုပ်ချုပ်သည်နှင့် ပတ်သက်၍ လေးစား လိုက်နာမှု ရှိသည်။

130 Self-organize (verb) မိမိဘာသာ စုစည်းဖွဲ့စည်း

သည်။ လူတဦး၏ ပိုင်ဆိုင်သည့်အဖွဲ့အစည်းဝင် များအကြား၊ ပြင်ပရှိ အာဏာအပေါ် (ဥပမာ- အစိုးရတခု၊ ကော်ပိုရေးရှင်း သို့မဟုတ် တက္ကသိုလ်) မှီခိုအားထားမှု မပြုဘဲ၊ သို့မဟုတ် တရားဝင် ခေါင်းဆောင်က ပြဿနာကို ဖြေရှင်းပေးရန်၊ သို့မဟုတ် သူတို့၏ စုပေါင်းအကျိုးစီးပွား ကောင်းကျိုး အတွက် ဆောင်ရွက်ပေးရန် မလိုအပ်ဘဲ၊ အစီအစဉ်ကျနမှု သို့မဟုတ် ပူးပေါင်း ဆောင်ရွက်မှု ဖန်တီးနိုင်ခြင်း။

131 self-organization မိမိဘာသာ ဖွဲ့စည်းသော အစုအဖွဲ့

လူများက အစီအစဉ်တခု သို့မဟုတ် အချင်းချင်းအကြား ပူးပေါင်းဆောင် ရွက်နိုင်ရန်၊ ပြင်ပ အာဏာအပေါ် (ဥပမာ- အစိုးရတခု၊ ကော်ပိုရေးရှင်း သို့မဟုတ် တက္ကသိုလ်) မှီခိုအားထားမှု မပြုဘဲ၊ သို့မဟုတ် တရားဝင် ခေါင်းဆောင်က မည်သို့ ဆောင်ရွက်ရ မည်ဟု ပြောရဆိုရန် မလိုအပ်ဘဲ၊ စီစဉ်ဖန်တီးကြသည့် လုပ်ငန်းစဉ်တခု။ ယင်းသို့ အစီအစဉ် သို့မဟုတ် ပူးပေါင်း ဆောင်ရွက်မှုသည် အုပ်စုအဖွဲ့ဝင်များ၏ ဆန္ဒရှိမှု နှင့် လှုပ်ရှားမှုမှ ပေါ်ထွက် လာပြီး၊ တရားဝင် အင်စတိကျူးရှင်းများ သို့မဟုတ် အစိုးရများထံ မှီခိုအားထား ရန် မလိုအပ်ဘဲ၊ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချကြသည်။

132 Self-reliance ကိုယ်ထူကိုယ်ထ ဖြစ်မှု

လူတဦး သို့မဟုတ် အုပ်စုတခု၏ သီးခြား လွတ်လပ်စွာ သူတို့၏အရေးကို စီမံဆောင်ရွက်နိုင်သည့်၊ သူတို့ကိုယ်ပိုင် ဝေဖန်ဆင်ခြင် ဆုံးဖြတ်နိုင်သည့်၊ သူတို့၏လိုအပ်ချက်များကို ကိုယ်တိုင် စောင့်ရှောက်နိုင်သည့် စွမ်းရည်။ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ်ထူကိုယ်ထ ဖူလုံမှုကို ကျင့်သုံးသည်။

133 Self-rule ကိုယ်ပိုင် အုပ်ချုပ်မှု

အုပ်စုတခု၊ လူဦးရေ သို့မဟုတ် နိုင်ငံတခုက ၎င်းတို့ကိုယ်တိုင် အုပ်ချုပ် နိုင်သည့် အနေအထား၊ သို့မဟုတ် အခြေအနေ။

134 Semi-authoritarian rule တစိတ်တပိုင်း အာဏာရှင် အုပ်ချုပ်ရေး

အပြည့်အဝ အာဏာရှင်လည်း မဟုတ်၊ ဒီမိုကရေစီလည်း မဟုတ်သည့် အခြေအနေ။ သို့သော် အာဏာရှင်စနစ် ရော၊ ဒီမိုကရေစီစနစ်ရော ကြန်အင် လက္ခဏာများ ဖော်ပြနေသည်။

135 Sit-in ထိုင်သပိတ်

လူထု ခုခံမှု၏ နည်းဗျူဟာတခု ဖြစ်ပြီး၊ ယင်းတွင် လူတဦး သို့မဟုတ် ပိုများသောသူများက နေရာတခု သို့မဟုတ် တစုံတရာသော ဌာန၊ အဆောက်အဦများတွင် ထိုင်၍နေခြင်း နှင့် သိမ်းပိုက်ခြင်း။ များသောအားဖြင့် သူတို့၏ တောင်းဆိုချက်များ ပြည့်ဝသည့်တိုင် ဆောင်ရွက်ကြသည်။ 342

136 Skills (in civil resistance context) ကျွမ်းကျင်မှု

လူတဦး သို့မဟုတ် အုပ်စုတခု၏ သူတို့ ဗဟုသုတများ နှင့် အတွေ့အကြုံများကို ထိရောက်စွာ အသုံးပြု၍ မူလက ဆုံးဖြတ်ထားသည့် ပန်းတိုင်အတိုင်း လုပ်ငန်းတခုကို ပြီးမောက်အောင် ဆောင်ရွက်နိုင်သည့် စွမ်းရည်။

137 Sources of power အာဏာ၏ အရင်းအမြစ်များ

နိုင်ငံရေးအာဏာ၏ မူလ စတည်ရာ ရင်းမြစ်များ။

138 Strategic nonviolent struggle မဟာဗျူဟာမြောက် အကြမ်းမဖက် လှုပ်ရှားမှု

လှုပ်ရှားမှုတခု သို့မဟုတ် ကမ်ပိန်းတခု က ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရေးဆွဲ၍၊ စည်းကမ်းရှိစွာဖြင့်၊ ပဋိပက္ခအပေါ် ပစ်မှတ်ထား ဆင်နွှဲမှုပြုပြီး၊ အကြမ်း မဖက် လှုပ်ရှားမှုပုံစံကို သန်မာ အားကောင်းစွာ အသုံးချသည်။ အထူး သဖြင့် ဖိနှိပ်မှုဖြင့် တုံ့ပြန်နိုင်သော အင်အားကြီးမားသည့်၊ အရင်းအမြစ် များသည့် ဆန့်ကျင်ဖက်အင်အား စုအပေါ် ဆန့်ကျင် ဆောင်ရွက်သည်။

139 Strategic plan မဟာဗျူဟာမြောက် အစီအစဉ်

လူတဦး သို့မဟုတ် လူအုပ်စုတခုက သူတို့၏ အဓိက ပန်းတိုင်များ အောင်မြင်ရရှိစေရန်အတွက် ခန့်မှန်း ထားသည့် လှုပ်ရှားမှုလမ်းကြောင်း နှင့် အရင်းအမြစ်များကို မည်သို့ ခွဲဝေ အသုံးပြုမည် (ဥပမာ- ရုပ်ဝတ္ထု ရင်းမြစ်များ၊ လူသားရင်းမြစ် များ၊ အချိန်)။ အဓိက ဖော်ထုတ်သတ်မှတ် ထားသည့် ပန်းတိုင်သို့ များသော အားဖြင့် ဖြည့်ဆည်းပေးမည့် ရေတို နှင့် အလယ်အလတ် ပန်းတိုင်များ နှင့် လှုပ်ရှားမှု အစီအစဉ်များ ပါဝင်သည်။

140 Strategize မဟာဗျူဟာရေးဆွဲသည်။

လူတဦး သို့မဟုတ် လူအုပ်စုတခုက သူတို့၏ အဓိက ပန်းတိုင်တခု သို့မဟုတ် ပိုများသည့် ပန်းတိုင်များ အောင်မြင်ရရှိ စေရန်အတွက် လှုပ်ရှားမှုလမ်းကြောင်း နှင့် အရင်းအမြစ်များကို မည်သို့ ခွဲဝေ အသုံးပြုမည်ကို ပိုင်းခြား ဆုံးဖြတ်သည့် လုပ်ငန်းစဉ် ဆောင်ရွက်မှု ဖြစ်သည်။ ယင်းတွင် များသောအားဖြင့် ပန်းတိုင်သို့ အောင်မြင်ရောက်ရှိစေရန် ဖြည့်ဆည်း ပေးမည့်၊ အလယ်အလတ်ပန်းတိုင်များ နှင့် လှုပ်ရှားမှု ရှေ့နောက်အစီအစဉ်များ ဖော်ထုတ် သတ်မှတ်ခြင်းတို့ ပါဝင်သည်။

141 Strategy မဟာဗျူဟာ

၁။ တိကျသော ရေတို၊ အလယ်အလတ် နှင့်/ သို့မဟုတ် ရေရှည် ဦးတည်ချက် များ အောင်မြင်ရရှိစေရန် အစီအစဉ် တခု။ ၂။ ပဋိပက္ခတခုအတွင်း အဓိကကျသည့် အဆင့်တခုအတွက် သို့မဟုတ် ကမ်ပိန်းတခုအတွက် ဆောင်ရွက်ရန် အစီအစဉ်တခု။ မဟာဗျူဟာသည် “တိကျသည့် ကမ်ပိန်းတခု မည်သို့ မည်ပုံ ဖွံ့ဖြိုးလာမည်၊ လှုပ်ရှားဆောင်ရွက်မည်၊ မတူကွဲပြား သည့် အစိတ်အပိုင်းများ အတူတကွ အံဝင်ခွင်ကျ ယင်း၏ ဦးတည်ချက်များ အတွက် အကျိုးကျေးဇူးပြုစွာ ဖြည့်ဆည်းကြမည်ကို ဖော်ပြသည့် အခြေခံ အိုင်ဒီယာ” ဖြစ်သည်။ 357

142 Strike (Associated with civil resistance) (verb) (လူထု ခုခံမှုနှင့် ပတ်သက်သည့်) သပိတ် မှောက်သည်။

၁။ အလုပ်ရှင်များ သို့မဟုတ် အစိုးရတခု အပေါ် စီးပွားရေး၊ နိုင်ငံရေး နှင့်/ သို့မဟုတ် လူမှုရေး ရည်ရွယ်ချက်များ အတွက် ဖိအားပေးနိုင်ရန် တမင်တကာ ကန့်သတ်မှု ပြုသည်၊ သို့မဟုတ် လုပ်ငန်းများကို ဆိုင်းငံ့ထားသည်။ ၂။ လိုအပ်သည့် သို့မဟုတ် မျှော်လင့် ထားသည့် လှုပ်ရှားမှုတခုကို တမင်တကာ ငြင်းပယ်မှု ပြုသည်။

143 Strike (Associated with civil resistance) (noun) (လူထု ခုခံမှုနှင့် ပတ်သက်သည့်) သပိတ်

၁။ အလုပ်ရှင်များ သို့မဟုတ် အစိုးရတခု အပေါ် စီးပွားရေး၊ နိုင်ငံရေး နှင့်/ သို့မဟုတ် လူမှုရေး ရည်ရွယ်ချက်များ အတွက် ဖိအားပေးနိုင်ရန် တမင်တကာ ကန့်သတ်ခြင်း သို့မဟုတ် လုပ်ငန်းများ ကို ဆိုင်းငံ့ထားခြင်း။ ၂။ လိုအပ်သည့် သို့မဟုတ် မျှော်လင့် ထားသည့် လှုပ်ရှားမှုတခုကို တမင် တကာ ငြင်းပယ်မှုတခု။

144 Structural conditions ဖွဲ့စည်းထားပုံအရ အခြေအနေများ

အပြန်အလှန် ဆက်နွယ်နေသော အကြောင်းအချက် တစုံ (ဥပမာ- စီးပွားရေး၊ နိုင်ငံရေး၊ လူဦးရေဆိုင်ရာ၊ လူမှု/ယဉ်ကျေးမှု)။ ယင်းက အကြမ်းမဖက် လှုပ်ရှားမှုတခု တည်ရှိ နေရန် ဝန်းကျင်တခုကို ဖန်တီးဖွဲ့စည်း ထားသည်။ ယင်းက လှုပ်ရှားမှုတခု ပေါ်ထွန်းလာစေရန် နှင့် တဖြည်းဖြည်း မတူညီသော အတိုင်းအဆဖြင့် ဖွံ့ဖြိုး လာစေရန် သက်ရောက်မှု ဖြစ်စေသည်။

145 Success (Associated with civil resistance) အောင်မြင်မှု (လူထု ခုခံမှုနှင့် ပတ်သက်၍)

ပဋိပက္ခတခုအတွင်း ပါတီတခု၏ ဖော်ပြ ထားသည့် ဦးတည်ချက်များကို ရရှိ အောင်မြင်ခြင်း။

146 Tactic နည်းဗျူဟာ

တိကျသော ရည်ရွယ်ချက်ကို ရရှိအောင် မြင်နိုင်ရန် ရေတို လှုပ်ရှားမှု။

147 Tactical innovation နည်းဗျူဟာအရ ဆန်းသစ်တီထွင်မှု

လူထုခုခံမှု နည်းဗျူဟာများ နှင့် နည်းနာများ ရွှေ့ပြောင်းလုပ်ဆောင်ခြင်း နှင့်/သို့မဟုတ် ယခင်က အသုံးပြုသည့် လူထု ခုခံရေး နည်းဗျူဟာများ သို့မဟုတ် နည်းနာများကို နည်းလမ်း သစ်ဖြင့် ဆောင်ရွက်သည့် လှုပ်ရှားမှု။

148 Tactical sequencing (see “sequencing, tactic of”) နည်းဗျူဟာအရ ရှေ့-နောက် အစီအစဉ် (“sequencing, tactic of”) ကို ကြည့်ပါ။

အကြမ်းမဖက် နည်းဗျူဟာများကို အစီအစဉ် ချထားသည့်အတိုင်း ပန်းတိုင် ရောက်ရှိအောင် ဦးတည်၍ တိုးတက် ဆောင်ရွက်ခြင်း၊ များသောအားဖြင့် လှုပ်ရှားမှု၏ ဆန့်ကျင်ဖက်အပေါ် တိုး၍ ဖိအားများပေးခြင်း။

149 Tactic of concentration (see “concentration, tactic of”) စုစည်းမှု နည်းဗျူဟာ

စုစည်းမှု နည်းဗျူဟာ (concentration, tactic of) ဝေါဟာရကို ကြည့်ပါ။ (p. 41).

150 Tactic of dispersion (see “dispersion, tactic of”) ဖြန့်ခွဲမှု နည်းဗျူဟာ

ဖြန့်ခွဲမှု နည်းဗျူဟာ (dispersion, tactic of) ဝေါဟာရကို ကြည့်ပါ။ (p. 56).

151 Third-party (Third-party) တတိယ အင်အားစု

အုပ်စုတခု၊ ရပ်ရွာအသိုက်အဝန်း၊ အဖွဲ့အစည်း၊ အင်စတိကျူးရှင်း၊ အင်အားစု၊ သို့မဟုတ် ရံဖန်ရံခါ ထင်ရှား သည့် လူတဦးဦးက ပဋိပက္ခ၊ သို့မဟုတ် လှုပ်ရှားမှု၏ ဗဟိုချက်မတွင် လှုပ်ရှား မဆောင်ရွက်နေသော်လည်း၊ ပဋိပက္ခ အပေါ် သက်ရောက်မှုတခု ဖြစ်စေသည့် လုပ်ဆောင်ချက်များ ပြုလုပ်လေ့ ရှိသည်။ (ပြုလုပ်နိုင်သည်)။

152 Train (verb) သင်တန်းပေးသည်။

သက်ဆိုင်သော (များသောအားဖြင့် လက်တွေ့ကျသည့်) ဗဟုသုတများ နှင့်/ သို့မဟုတ် အနုပညာတခု ဖန်တီးရန် အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း သို့မဟုတ် အလုပ်တခုအတွက် သင်ကြားပေးသည်။

153 Training (noun) သင်တန်း

လူတဦး သို့မဟုတ် အုပ်စုတခုကို သက်ဆိုင်သော (များသောအားဖြင့် လက်တွေ့ကျသည့်) ဗဟုသုတများ နှင့်/ သို့မဟုတ် အနုပညာတခု ဖန်တီးရန် အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း သို့မဟုတ် အလုပ်တခုအတွက် ရရှိလာစေရန် ဖြစ်ရပ်တခု၊ နည်းနာ၊ သို့မဟုတ် လုပ်ငန်းစဉ်တခု။

154 Transition, political နိုင်ငံရေး အသွင်ကူးပြောင်းမှု

၁။ နိုင်ငံရေး အုပ်စိုးသူ နှင့် အစိုးရ ပြောင်းလဲမှုတခု။ ၂။ တည်ငြိမ်သည့် နိုင်ငံရေး အုပ်ချုပ်မှု နှစ်ခုအကြားကာလ၊ ယင်းတွင် နိုင်ငံရေး အုပ်ချုပ်မှုပုံစံတခု အဆုံးသတ်၍ တည်ငြိမ်သည့် နိုင်ငံရေးအုပ်ချုပ်မှု ပုံစံ အသစ် စတင်ဖွံ့ဖြိုးသည်။ 383

155 Unarmed insurrection လက်နက်မဲ့ ပုန်ကန်ထကြွမှု

ပုန်ကန်ထကြွမှု (insurrection) ဝေါဟာရကို ကြည့်ပါ။ (p. 78).

156 Unite ညီညွတ်သည်။

ဘုံရည်မှန်းချက်တခု၊ ပန်းတိုင် သို့မဟုတ် လှုပ်ရှားမှုတခုအတွက် အတူတကွ ပူးပေါင်းသည်။

157 Unity ညီညွတ်မှု ဘုံရည်မှန်းချက်တခု၊ ပန်းတိုင် သို့မဟုတ် လှုပ်ရှားမှုတခုအတွက် ညီညွတ်မှုရသည့် အခြေအနေ သို့မဟုတ် အတူတကွ ပူးပေါင်းမှု။
158 Uprising လူထုအုံကြွမှု

လူအုပ်စုတခု သို့မဟုတ် လူထုများက ယခင်က အစိုးရတခု သို့မဟုတ် ပိုနေမြဲ ကျားနေမြဲ အခြေအနေတခုကို လိုက်နာ နာခံနေရာမှ နေ၍ ပုန်ကန်မှု သို့မဟုတ် သူပုန်ထမှုတခု။ 391

159 Violence အကြမ်းဖက်မှု

၁။ အချို့သောသူများက လူအချို့အပေါ် ရုပ်ပိုင်းဆိုင်ရာ နာကျဉ်စေမည်ဟု တိုက်ရိုက် ဆောင်ရွက်မှု သို့မဟုတ် ခြိမ်းခြောက်မှု။ 394 ၂။ “ရုပ်ပိုင်းဆိုင်ရာ အင်အား သို့မဟုတ် အာဏာကို ရည်ရွယ်ချက်ရှိရှိဖြင့် အသုံးပြုခြင်း။ မိမိကိုယ်တိုင်အပေါ်၊ သို့မဟုတ် အခြားသူအပေါ် သို့မဟုတ် အုပ်စုတခု၊ လူမှုအဖွဲ့အစည်းတခုအပေါ် အမှန်အသုံးပြုသလို ခြိမ်းခြောက်ခြင်း လည်း ဖြစ်နိုင်သည်။ သို့အတွက်ကြောင့် ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နာကျဉ်ရမှု၊ ဖွံ့ဖြိုးမှု လွဲမှားခြင်း၊ သို့မဟုတ် ချို့တဲ့ ဆုံးရှုံးရမှု ဒုက္ခများ ရလဒ်ဖြစ်ပေါ်စေသည်၊ သို့မဟုတ် ရလဒ်ထွက်ရန် အကြောင်း ဖြစ်စေသည်။ 395

160 Violent flank အကြမ်းဖက်မှု တောင်ပံ

သူတို့၏ ပန်းတိုင်များအတွက် အကြမ်းဖက်မှု နှင့်/သို့မဟုတ် ပိုင်ဆိုင်မှု ပစ္စည်းများ ဖျက်ဆီးမှုပြုကြသည့် လက်နက်ကိုင်အုပ်စု တခု။ အကြမ်းမဖက် လှုပ်ရှားမှုနှင့်အတူ တပြိုင်နက်တည်း တည်ရှိနေသော ပဋိပက္ခအတွက် စစ်ပွဲဆင်နွှဲမှု ပြုသည်။

161 Vision (of a civil resistance movement) (ပြည်သူလူထု ခုခံလှုပ်ရှားမှုတခု၏) မြော်မြင်ချက်

လှုပ်ရှားမှုတခု၏ အန္တိမပန်းတိုင်များကို ပြောဆိုမှု နှင့်/သို့မဟုတ် ဖော်ပြမှု။ ဖော်ပြရာတွင် လူမှုအသိုက်အဝန်း သို့မဟုတ် လူ့အဖွဲ့အစည်းတခုက ဆန္ဒပြု၊ ရရှိလိုသည့် အနာဂတ်ကို ဖော်ပြသည်။

162 Walkout (verb) ဆန္ဒပြ၍ (အစည်းအဝေးများမှ) ထွက်ခွာသည်။

လုပ်ငန်းနေရာ၊ အစည်းအဝေး၊ စုဝေးမှု၊ ဖြစ်ရပ်၊ ကုမ္ပဏီ၊ သို့မဟုတ် အဖွဲ့အစည်း တခုမှနေ၍ ပုံမှန် မျှော်လင့်ထားသည့် အချိန်မတိုင်မီတွင် ဆန္ဒပြ၍၊ သို့မဟုတ် မနှစ်သက် အတည်မပြုကြောင်း ဖော်ပြ၍ ရုပ်ပိုင်းဆိုင်ရာအရ ထွက်ခွာသည်။ ဤသို့ထွက်ခွာခြင်းသည် လှုပ်ရှားဆောင်ရွက်မှုကို ထင်သာ မြင်သာဖြစ်စေရန် ပုံမှန်အားဖြင့် ပြုလုပ်ကြသည်။ 406

163 Walk-out (Walkout) (noun) ဆန္ဒပြ (အစည်းအဝေးများမှ) ထွက်ခွာမှု

လုပ်ငန်းနေရာ၊ အစည်းအဝေး၊ စုဝေးမှု၊ ဖြစ်ရပ်၊ ကုမ္ပဏီ၊ သို့မဟုတ် အဖွဲ့အစည်း တခုမှနေ၍ ပုံမှန် မျှော်လင့်ထားသည့် အချိန်မတိုင်မီတွင် ဆန္ဒပြ၍၊ သို့မဟုတ် မနှစ်သက် အတည်မပြုကြောင်း ဖော်ပြ ၍ ရုပ်ပိုင်းဆိုင်ရာအရ ထွက်ခွာမှု။ ဤသို့ထွက်ခွာခြင်းသည် လှုပ်ရှားဆောင် ရွက်မှုကို ထင်သာမြင်သာဖြစ်စေရန် ပုံမှန်အားဖြင့် ပြုလုပ်ကြသည်။ 408

Stay In Touch

Join our Mailing list

Connect With Us

International Center on Nonviolent Conflict

600 New Hampshire Avenue NW
Suite 1010
Washington, D.C. 20037, USA

+1 202-596-8845

Other ICNC Affiliated Websites

  • Nonviolent Conflict News
  • Online Courses Platform
  • CivilResistance.net

Copyright ©2023 International Center on Nonviolent Conflict · All Rights Reserved

Note: Search results are listed in alphabetical order.